သုံးရက်ကြာပြုလုပ်

November 26, 2020

မာရာဒိုနာ၏ဈာပန နေအိမ်တွင် သုံးရက်ကြာပြုလုပ်မည်

အာဂျင်တီးနား ဂန္ထဝင်ကစားသမားကြီး မာရာဒိုနာရဲ့ ဈာပနအခမ်းအနားကို နေအိမ်မှာ ၃ရက် ကြာပြုလုပ်သွားမယ်လို့သိရပါတယ်။  မာရာဒိုနာဟာ နိုဝင်ဘာ ၂၅ ရက်က နှလုံးဖောက်ပြီး ရုတ်တရတ်ကွယ် လွန်သွားခဲ့တာဖြစ်ပြီး သူ့ရဲ့ ရုပ်အလောင်းကို နိုဝင်ဘာ ၂၅ ရက်ညပိုင်းက ရင်ခွဲရုံကနေ   အိမ်ကို ပြန်သယ်သွားခဲ့တာပါ။  ဆေးရုံ ရင်ခွဲရုံကနေ ဈာပန အခမ်းအနားပြုလုပ်မယ့် နေအိမ်ကိုတော့ နိုဝင်ဘာ ၂၅ ရက် ညပိုင်းက ယာဉ်တန်းတစ်ခုနဲ့ သယ်ဆောင်သွားခဲ့တာကို မြင်တွေ့ရ ပါတယ်။  ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်းက အာဂျင်တီးနားမြို့တော် ဗျူနိုအေရိစ်မြောက်ပိုင်းမှာရှိတဲ့ ရင်ခွဲရုံကို သယ်ဆောင်သွားခဲ့ပြီး ညပိုင်းမှာတော့ နေအိမ်ကို ပြန်လည်သယ်ဆောင်လာခဲ့တာပါ။  အသက် ၆၀ အရွယ် ဂန္ထဝင် ဘောလုံးသမားကြီး မာရာဒိုနာဟာ  ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက အရေးပေါ်ခွဲစိတ်ကုသမှု တခုပြုလုပ်ခဲ့ရပြီးနောက် ပြန်လည်ကောင်းမွန်လာပြီလို့ သတင်းထုတ်ပြန်ခဲ့ပေမဲ့ နိုဝင်ဘာ ၂၅ ရက်မှာ ကွယ်လွန်သွားခဲ့ တာဖြစ်ပါတယ်။  မာရာဒိုနာ ကွယ်လွန်သွားခဲ့တဲ့အပေါ် ဘောလုံးလောက်က အသိုင်းအဝိုင်းက ဝမ်းနည်း ကြောင်း စာလွှာတွေလည်း ထုတ်ပြန်ခဲ့ကြပါတယ်။ 
5 months Ago
Up