သုံးဘက်မြင်ရုပ်ကြွ

June 15, 2017

ဆေးရောင်ခြယ်ပုံများ အသက်ဝင်လာပြီး သုံးဘက်မြင်ရုပ်ကြွအဖြစ် ပြောင်းပေးမည့် app (ရုပ်သံ)

ဆေးရောင်ခြယ်ပုံများ အသက်ဝင်လာပြီး သုံးဘက်မြင်ရု... အရောင်ခြယ်တာဟာ ကလေးတဦးအဖို့ သူ့ခံစားချက်ကို ဖော်ပြနိုင်မယ့် ပထမဆုံး အခွင့်အရေးပါ။ ဒါပေမယ့် ဒစ်ဂျစ်တယ်ပစ္စည်းတွေ ဝင်လာချိန်မှာ အရောင်ခြယ်တာကို ကလေးတွေ ဆက်ပြီး စိတ်ဝင်စားအောင် ဘယ်လိုလုပ်ကြမလဲ။ သူတို့ရဲ့လက်ရာကို သူတို့ရှေ့တင် အသက်ဝင်လာအောင်လုပ်မလား။ "သမားရိုးကျနည်းအတိုင်း ကြိုက်ရာပုံကို အရောင်ခြယ်လိုက်ပါ။ ပြီးရင်တော့ ကျနော်တို့ထွင်ထားတဲ့ အပ်ပ် (app) ကို ကြည့်လိုက်ပါ။ ဆွဲထားတဲ့ပုံဟာ အသက်ဝင်လာပြီး ခြယ်ထားတဲ့အရောင်ကလည်း သုံးဘက်မြင်ရုပ်ကြွအဖြစ် ပြောင်းသွားတာ တွေ့ရမှာပါ။" ကွန်ပျူတာအားဖြည့်ရုပ်မြင်စနစ် AR ဟာ ဒစ်ဂျစ်တယ်လောကနဲ့ တကယ့်အရှိလောကကို ပေါင်းစပ်ပေးပါတယ်။ ဒစ္စနေးသုတေသနနဲ့ ETH ဇူးရစ်တက္ကသိုလ်ပူးပေါင်းပြီး AR ရှေ့ပြေးပုံစံတွေကို တည်ဆောက်ခဲ့ပါတယ်။ ဒီဇာတ်ကောင်ရုပ်ကတ်လေးတွေသုံးပြီး ကလေးတယောက်က အသံကို ခံစားနိုင်သလို တုပရုပ်သွင်ဂီတအဖွဲ့ကို ဖန်တီးညွှန်ကြားနိုင်မှာပါ။ ပန်းချီပြခန်းတွေမှာ ပိုပြီး ပျော်စရာကောင်းအောင် ကလေးတွေအဖို့ ဒီပန်းချီကားတွေကို ထိန်းချုပ်စေစားနိုင်အောင် ဒီအပ်ပ်ကို တီထွင်တာပါ။ ခုလောလောဆယ်မှာတော့ သုတေသနအဆင့်သာ ရှိသေးသလို ဈေးကွက်ဖြန့်ဖို့ အစီအစဉ် မရှိသေးပါဘူး။ ဒါပေမယ့် AR စနစ်ရဲ့ အလားအလာတွေက တဟုန်ထိုး တိုးတက်လာမယ်လို့ သူတို့အဖွဲ့က ဆိုပါတယ်။ "ကျေန်ာတို့က ကွန်ပျူတာအားဖြည့် ရုပ်မြင်စနစ်သုံးပြီး ဖန်းတီးမှုတွေကို အားကောင်းအောင် လုပ်ပေးမှာပါ။ ဒါက လူ့အမူအရာတွေကို နားလည်နိုင်ဖို့ ဂိမ်းနည်းပညာကို တကယ်တမ်း လေ့လာရာမှာ ကျယ်ပြန့်တဲ့ ကျနော်တို့သုတေသနနဲ့ အံဝင်ခွင်ကျပါပဲ။ ဒီသုတေသနကနေ ကွန်ပျူတာအားဖြည့် ရုပ်မြင်စနစ်ဟာ တကမ္ဘာလုံးက လုပ်ငန်းတိုင်းကို ထောက်ကူနိုင်မယ်လို့ ယုံကြည်ပါတယ်။" ပြီးခဲ့တဲ့နှစ်က ထုတ်လုပ်ပြီး အရမ်းပေါက်သွားတဲ့ Pokemon Go ဂိမ်းကြောင့် AR စနစ်အပေါ် လူတိုင်းက စိတ်ဝင်စားခဲ့ပါတယ်။ မကြာခင်က ဖေ့စ်ဘွတ်ခ်တည်ထောင်သူ မာ့ဇူကာဘတ်က ဒီဖေ့စ်ဘွတ်ခ်ဟာ လုပ်ငန်းတိုင်းအဖို့ ဒီ AR စနစ်ကို စမ်းသပ်ဖို့ အမြင်သာဆုံးနေရာပဲလို့ ပြောခဲ့ပါတယ်။
4 years Ago
Up