သုံးဘက်မြင်နည်းပညာ

September 9, 2015

သုံးဘက်မြင်နည်းပညာဖြင့် ဖန်တီးဆေးခြယ်ထားတဲ့ ကမ္ဘာ့အရှည်ဆုံးလျှောက်လမ်း

တရုတ်နိုင်ငံမြို့တော် ဘေဂျင်းမြို့မှာ သုံးဘက်မြင် နည်းပညာနဲ့ ဖန်တီးဆေးခြယ်ထားတဲ့ အရှည် ၃၉၉ ဒသမ ၈၉၉ မီတာ အရှည်ရှိတဲ့ လျှောက်လမ်းမရှည်ကို စက်တင်ဘာလ ၈ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပြီး တရုတ်နိုင်ငံသားတွေနဲ့ ခရီးသွားဧည့်သည်တွေဟာ အဲဒီလမ်းမရှည်ပေါ်မှာ လျှောက်လှမ်းခဲ့ကြတယ်လို့ တရုတ်ပြည်သူ့နေ့စဉ် သတင်းစာမှာ ဖော်ပြပါတယ်။ ၀မ်ဖူကျင်းလို့ အမည်ပေးထားတဲ့ ဒီလျှောက်လမ်းဟာ သုံးဘက်မြင် နည်းပညာနဲ့ ဖန်တီးဆေးခြယ်ထားတဲ့ လျှောက်လမ်းတွေထဲ ကမ္ဘာ့အကြီးဆုံး ဖြစ်လာဖွယ်ရှိပြီး အရင်ရှိခဲ့တဲ့ လမ်းအရှည်ကတော့ ၃၇၄ ဒသမ ၄၃ မီတာရှိတယ်လို့ သတင်းက ဆိုပါတယ်။ သတင်းဓာတ်ပုံ - http://en.people.cn  
6 years Ago
Up