သုံးပတ်ကြာ ပျောက်ကွယ်

May 23, 2020

မြောက်ကိုရီးယားခေါင်းဆောင် လူထုအခမ်းအနားများမှ သုံးပတ်ကြာ ပျောက်ကွယ်နေ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ပြီးခဲ့တဲ့ သုံးပတ်အတွင်း လူထုအခမ်းအနားတွေကနေ ပျောက်ကွယ်နေခဲ့ပါတယ်။  လူထုအခမ်းအနားတွေမှာ သူမတက်တာ မှန်ပေမယ့် ဒီနှစ်လအတွင်း နိုင်ငံပိုင် မီဒီယာတွေမှာ သူ့ရုပ်ပုံကို မတွေ့ရတာ သုံးပတ်ရှိပြီလို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။  မြောက်ကိုရီးယားဟာ COVID-19 အတည်ပြုလူနာ အခုထိ မတွေ့ရသေးဘဲ ခေါင်းဆောင် ကင် ဘယ်ရောက်နေလဲဆိုတာလည်း နိုင်ငံတကာမီဒီယာတွေမှာ အတည်မပြုနိုင်သေးပါဘူး။  မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာဟာ ကင်ရဲ့ပုံကို မေ ၁ ရက်နေ့က ဓာတ်မြေဩဇာစက်ရုံဖွင့်ပွဲတခုမှာ ဖော်ပြခဲ့တာကို ရိုက်တာသတင်းက ရေးသားထားပါတယ်။  မြောက်ကိုရီးယားဟာ လူဦးရေ ၂၅ ဒသမ ၅ သန်းရှိပြီး နျူလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံတခု ဖြစ်ပါတယ်။
11 months Ago
Up