သုတေသနဖောင်ဒေးရှင်း

July 16, 2018

မန္တလေး နည်းပညာတက္ကသိုလ်​မှာ သု​တေသန​ဖောင်​​ဒေးရှင်း ရန်​ပုံ​ငွေစိုက်​ထူ

မန္တလေး၊ ပုသိမ်ကြီးမြို့နယ်မှာရှိတဲ့ မန္တလေးနည်းပညာတက္ကသိုလ်​မှာ မန္တလေး တိုင်းေ​ဒသကြီး သု​တေသန​ဖောင်​​ဒေးရှင်း ရန်​ပုံ​ငွေစိုက်​ထူပွဲကို  ဇူလိုင် ၁၅ ရက်က ကျင်းပပါတယ်။ မန္တလေးတိုင်း​ရှိ တက္ကသိုလ်​​တွေ​က သု​တေသီတွေ၊  သု​တေသန ​ဆောင်​ရွက်​လိုသူတွေအတွက်​ တာဝန်​တခုအ​နေနဲ့ ​ပေးအပ်​လိုက်​တဲ့​ နေ့တ​နေ့ ဖြစ်ပြီး သု​တေသန ​ဖောင်​​ဒေးရှင်းအတွက်​ ကျပ်သိန်း​ ၁၅ဝဝ ​ကျော်​ကို စု​ပေါင်းလှူဒါန်း​ပေးကြတယ်လို့ မန္တလေး နည်းပညာတက္ကသိုလ်​ ပါ​မောက္ခ​ဒေါက်​တာဆင့်​စိုးက​ ပြောပါတယ်​။ ရန်ပုံငွေ စိုက်ထူပွဲကို မန္တလေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့ ဝန်​ကြီးချုပ်​ ​ဒေါက်​တာ​ဇော်​မြင့်မောင်​၊ သု​တေနလုပ်​ငန်းကြီးတွေမှာ အ​ထောက်​အကူအဖြစ် ​ပါဝင်​​ပေးကြမယ့် တက္ကသိုလ်​အသီးသီးက ပါ​မောက္ခချုပ်​နဲ့​ ကျောင်းအုပ်​ကြီးတွေ၊ မြန်​မာနိုင်​ငံ အင်​ဂျင်​နီယာအသင်း၊ ကွန်​ပျူတာတက္ကသိုလ်​က ဆရာတွေနဲ့  အလှူရှင်​တွေ တက်​​ရောက်​ခဲ့ကြပါတယ်​။ မန္တလေးတိုင်း ဝန်​ကြီးချုပ်​​ ဒေါက်​တာ​ဇော်​မြင့်မောင်​က “သု​တေသန​ဖောင်​​ဒေးရှင်း​တွေ လုပ်​​နေ၊ သု​တေသန​တွေ ဘယ်​​လောက်​ပဲ လုပ်​လုပ်​ ငြိမ်းချမ်း​ရေးမရှိရင် ​မဖွံ့ဖြိုး မတိုးတက်​နိုင်​ဘူး။ တိုင်းပြည်​ဖွံ့ဖြိုးတိုးတက်​​စေချင်​တယ်​ ဆိုရင်​​တော့ အ​ခြေခံကျတဲ့ ငြိမ်းချမ်း​ရေးတခု တည်​​ဆောက်​ဖို့ လိုတယ်​”လို့ ပြောသွားပါတယ်​။
3 years Ago
Up