သုခရိပ်မြုံ(မန္တလေး)

January 20, 2020

သုခရိပ်မြုံ(မန္တလေး) လူငယ်ဖွံ့ဖြိုးရေးဂေဟာ မြေနေရာအတွက် တိုင်းအစိုးရထံ တင်ပြထား

HIV ရောဂါပိုး ကူးစက်ခံနေရတဲ့ ကလေးငယ်တွေကို ကူညီစောင့်ရှောက်နေတဲ့ သုခရိပ်မြုံ - မန္တလေး လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် မြေနေရာရရှိရေးကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြလျှောက်ထားသွားမယ်လို့ သိရပါတယ်။ HIV ရောဂါပိုး ကူးစက်ခံနေရတဲ့ ကလေးငယ်တွေကို ကူညီစောင့်ရှောက်နေတဲ့ သုခရိပ်မြုံ - မန္တလေး လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ ၈ နှစ်ပြည့် အခမ်းအနားနဲ့ မဂ္ဂဇင်းမိတ်ဆက်ပွဲကို ဇန်နဝါရီ ၁၉ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ဂေဟာကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ဘုံပျံတောရ မြဝတီမင်းကြီးကျောင်းတိုက်ထဲမှာ ဖွင့်ထားတာဖြစ်ပြီး ဂေဟာရေရှည် တည်တံ့ဖို့အတွက် နိုင်ငံတော်မြေကို ဝယ်ယူဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိနေရာဟာ မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် တသက် လုပ်ပိုင်ခွင့်ရှိတဲ့ သဘောပါလို့ သုခရိပ်မြုံ - မန္တလေး လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ နာယက ဒေါက်တာကိုလေးက ပြောပါတယ်။ မြေနေရာရရှိရေးအတွက် အစိုးရကို တင်ပြပေးသွားမယ်လို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက အဖွင့်မိန့်ခွန်းမှာ ပြေကြားခဲ့ပါသေးတယ်။ သုခရိပ်မြုံ - မန္တလေး လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှာ အမျိုးသား ၄၄ ယောက်၊ အမျိုးသမီး ၄၄ ယောက်နဲ့ ကလေးငယ် ၈၈ ယောက်ကို ပြုစုစောင့်ရှောက်ထားပါတယ်။  ကလေးတွေကို လက်ခံတဲ့အခါမှာ တသက်လုံး မွေးမယ်ဆိုတဲ့ စာချုပ်စာတမ်းနဲ့ လက်ခံတာ ဖြစ်တယ်လို့ သုခရိပ်မြုံ - မန္တလေး လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ ဒုဥက္ကဋ္ဌ ဦးစန်းယုက ပြောပါတယ်။ ကလေးတွေအနေနဲ့ ပြင်ပလှုပ်ရှားမှုတွေမှာ ပါဝင်နေပြီး လက်မှုပညာတွေကိုလည်း သင်ကြားပေးသွားဖို့ရှိနေကာ လူသားအခွင့်အရေးအပြည့်အဝ ရရှိအောင် ထားသွားပေးမယ်လို့ ဆိုပါတယ်။
1 year Ago
Up