သီးနှံစိုက်ခင်း

September 14, 2018

ရေဘေးကြောင့် ပဲအထွက်​နှုန်းကျဆင်းပြီးေ​တာင်​သူ​များ အရှုံး​ပေါ်

ပဲနှမ်း​ဈေးနှုန်း​တွေ မြင့်တက်​​နေ​ပေမယ့် မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးမှုဒဏ်​​ကြောင့် အထွက်​နှုန်းကျဆင်းလို့ မကွေးတိုင်းဒေသကြီး မ​ကွေးမြို့နယ်​ရှိေ​တာင်​သူ​တွေ အရှုံး​ပေါ်နေကြပါတယ်။ မ​ကွေးမြို့နယ်​ ​ဒေသခံ​တောင်​သူ ကိုညီညီစိုးက "အခုနှစ်​ထွက်​ရှိတဲ့ အ​နေထားအရ ၁ ဧကကို ကျပ် ၁ ​သိန်းလောက် လူတိုင်းရှုံးကြတယ်​။ ရာသီဥတုမ​ကောင်းလို့ အထွက်​နှုန်း ကျဆင်းတဲ့အတွက်​ ကုန်​ကျစရိတ်​နဲ့ မမျှဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်​။ ​တောင်​သူ ကို​ဝေဇင်​​အောင်​က "ခါတိုင်းနှစ်​​တွေက ပဲနှမ်းသီးနှံအထွက်​နှုန်း​ ကောင်း​ပေမယ့် ​ဈေးကွက်​မ​ကောင်း​တော့ ရှုံးတယ်​။ အခုနှစ်​ကျ​တော့ ​ဈေးကွက်​​ကောင်း​ပေမယ့် ရာသီဥတုဖျက်​လို့ သီးနှံမထွက်​ဘူး။ ဈေးကွက်​တည်​တည်​ငြိမ်​ငြိမ်​ ရှိစေချင်​တယ်​။ ဒီ​နှစ်​​ဈေးကွက်​အတိုင်း ပုံမှန်ရှိရင်​ ​နောက်​နှစ်​စိုက်​ပျိုးဖို့အတွက်​ မျှော်​မှန်းချက်​ရှိတာ​ပေါ့" လို့ ပြောပါတယ်​။ အရှုံး​ပေါ်တဲ့အတွက်​ တောင်သူတွေ ​မျှော်​မှန်းချက်​နဲ့ ရည်​ရွယ်​ချက်​​တွေ ပျောက်​သွားပြီး ယာလုပ်​ရမှာကို စိတ်​ဓာတ်​ကျနေကြတယ်လို့ တောင်သူတဦးက ဆိုပါတယ်။ “နောက်​မျိုးဆက်​​တွေကို ယာလုပ်​ဖို့ ယာအ​မွေ​ပေးဖို့ ခဲယဉ်းသွားပြီ၊ ယာနားကပ်​​နေတဲ့ ဇတိုင်​ကန်​ရွာမှာဆိုရင်​ ယာလုပ်​တဲ့သူ သိပ်မရှိ​တော့ဘူး၊ ​ဘေးထွက်​ပြီး အလုပ်​လုပ်​ကြ​တော့တာ။ ယာလုပ်​ပြီး တနှစ်​စာ ဆန်​ဝယ်​စားဖို့ကို မလွယ်​ကူ​တဲ့အတွက်​ ​တော်​​တော်​စဉ်းစား​နေရပြီ။" မ​ကွေးတိုင်း​ဒေသကြီးမှာ ဇွန်​လအတွင်းက မိုးအဆက်​မပြတ်​ ရွာသွန်းပြီး သီးနှံစိုက်​ဧက ​ခြောက်​​သောင်း​ကျော်​ ​ရေလွှမ်းမိုး နစ်​မြုပ်​မှုဒဏ် ခံခဲ့ရပါတယ်​။ မ​ကွေးတိုင်းအတွင်း မြေပဲစိုက်​ ဧက ၃၇၄၆၈၂၊ နှမ်း ၁၀၉၁၉၅၉ ဧက ရှိတယ်လို့ သိရပါတယ်။ သတင်း - မင်းထီး
3 years Ago
Up