သီးခြားခွဲနေထိုင်

A d v e r t i s e m e n t With Us

April 6, 2020

နေအိမ်၌ ၁၀ ရက်ကြာ သီးခြားခွဲနေထိုင်ခဲ့သည့် ဗြိတန်ဝန်ကြီးချုပ် ဆေးရုံတက်ကုသ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ဗြိတိန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ ၁၀ ရက်ကြာ နေအိမ်မှာ သီးခြားခွဲထိုင်ခဲ့ရာကနေ မနေ့ညက ဆေးရုံတင်လိုက်ရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ချက်မှာတော့ ဝန်ကြီးချုပ်ဟာ ၁၀ ရက်ကြာပြီဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်လက္ခဏာ ရှိနေသေးတာကြောင့် စမ်းသပ်စစ်ဆေးမှုတွေလုပ်ဖို့ ဆေးရုံတက်ခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် ထုတ်ပြန်ချက်ထဲမှာ ဝန်ကြီးချုပ်က အမျိုးသားကျန်းမာရေးဌာန ဝန်ထမ်းတွေကို ကျေးဇူးတင်ကြောင်း၊ ပြည်သူတွေကိုလည်း နေအိမ်မှာပဲ နေထိုင်ကြပြီး အသက်တွေ ကယ်တင်ကြဖို့ တိုက်တွန်းထားပါတယ်။  ဝန်ကြီးချုပ် ဂျွန်ဆင်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ပြီးခဲ့တဲ့အပတ်က တွေ့ခဲ့ရပြီး ပြင်းထန်တဲ့လက္ခဏာတွေ မရှိတာကြောင့် စေ့စပ်ထားတဲ့ ဇနီးလောင်း ကာရီဆင်မွန်နဲ့ အတူ ဒေါင်းနင်းလမ်းအိမ်အမှတ် ၁၀ မှာပဲ သီးခြားခွဲနေထိုင်ခဲ့ပါတယ်။  ကိုယ်ဝန်လွယ်ထားတဲ့ မစ္စကာရီကတော့ တနင်္ဂနွေနေ့မှာ ကိုရိုနာဗိုင်းရပ်စ်ကင်းစင်ပြီး နေပြန်ကောင်းခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ဗြိတိန်နိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၄၇၈၀၆ ဦး၊ သေဆုံးသူ ၄၉၃၄ ဦးနဲ့ ရောဂါသက်သာပျောက်ကင်းသူ ၁၃၅ ဦးရှိတယ်လို့ သိရပါတယ်။
11 months Ago
Up