မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆက် သီပေါမင်းရဲ့ နတ်ရွာစံသက် နှစ် ၁၀၀ ပြည့်အလှူပွဲ တက်ရောက်ဖို့ နိုင်ငံတော် ဒုတိယသမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ ပါဝင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့မနက်က အိန္ဒိယနိုင်ငံကို ထွက်ခွာသွားပါတယ်။
ဒီအဖွဲ့ကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသက ဦးဆောင်ကာ သွားရောက်ခဲ့တာပါ။
မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်တွေအဖြစ် ဒု-သမ္မတ ဦးမြင့်ဆွေ၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သီပေါမင်းရဲ့မြစ်တော် ဦးစိုးဝင်းနဲ့ ဆွေတော်မျိုးတော်တွေလည်း လိုက်ပါသွားခဲ့ကြတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရဲ့လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။
6 years Ago