သီပေါတံတားကျိုး၊ လူ ၃ ဦး သေဆုံး

July 25, 2015

သီပေါတံတားကျိုး၊ လူ ၃ ဦး သေဆုံး

မိုးကြီးပြီး ရေကြီးတာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့လယ်က နမ့်ပေါချောင်းတံတား ကျိုးကျလို့ လောလောဆယ် ၃ ယောက်သေဆုံးပြီး ၄ ယောက်ဒဏ်ရာရတယ်လို့ မြို့နယ်ရဲစခန်းက စုံစမ်းသိရှိရပါတယ်။ ဇူလိုင် ၂၅ ရက် မွန်းလွဲပိုင်းမှာ တံတားကျိုးကျခဲ့တာဖြစ်ပြီး တံတားပေါ်မှာရှိနေတဲ့သူတွေ တံတားပိပြီး သေဆုံးတာလို့ တာဝန်ကျဒုရဲမှူးက ပြောပါတယ်။ “တံတားပေါ်မှာနေတော့ တံတားကျိုးတော့ အောက်ကိုကျိုးကျပြီး ပိပြီး သေဆုံးတာ၊ လောလောဆယ်တော့ ၃ ယောက်သေ၊ ၄ ယောက်ဒဏ်ရာရ ကျန်တာကတော့ ရှာဖွေ ကယ်ဆယ်ဆဲပေါ့။” လူဘယ်နှယောက် မျောပါပျောက်ဆုံးတယ်ဆိုတာ အတည်ပြုလို့ မရသေးဘဲ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေတုန်းလို့လည်း ပြောပါတယ်။ ဇူလိုင် ၂၄ နဲ့ ၂၅ ရက်တို့မှာ မိုးကြီးပြီး ရေကြီးရေလျှံမှုတွေ ဒေသတချို့မှာ ဖြစ်ပွားခဲ့လို့ လူသေဆုံးမှုရှိခဲ့တဲ့ထဲ သီပေါမှာတော့ တံတားကျိုးပြီး လူသေဆုံးခဲ့တာ ဖြစ်ပါတယ်။
6 years Ago
Up