သီိဟို​အေး​ကျေးရွာတွင် ဆက်လက်နေထိုင်ခွင့်ပေးရန် မြိုတိုင်းရင်းသားများ​တောင်းဆို

July 21, 2019

သီိဟို​လ်အေး​ကျေးရွာတွင် ဆက်လက်နေထိုင်ခွင့်ပေးရန် မြိုတိုင်းရင်းသားများ​တောင်းဆို

ရခိုင်​ပြည်​နယ်​ ​မောင်​​တောမြို့ ၃ မိုင်​အနီးမှာ​ ​၂၀၁၇ ဒီဇင်​ဘာလကစပြီး မြိုတိုင်းရင်းသားတွေ အခြေချ​နေထိုင်​​နေကြတဲ့ သီဟို​လ်အေး​ကျေးရွာကို တရားဝင် ကျေးရွာတရွာအဖြစ် သတ်မှတ်ပေးဖို့နဲ့ ဆက်လက်နေထိုင်ခွင့်ပြုဖို့ ကျေးရွာသားတွေက တောင်းဆိုခဲ့ကြပါတယ်။ တပ်​မ​တော်​နဲ့ ​အေ​အေတို့ တိုက်​ပွဲဖြစ်​ပွားလာမှာကို စိုးရိမ်​ပြီး ဘူးသီး​တောင်​မြို့နယ်​ သြရမ​ဒေသ လက်​ပံကိုင်း၊ အင်း​ချောင်​၀၊ သလူပြား၊ သလူကျွန်း၊ နန်းချစ်​ စတဲ့ ​ကျေးရွာတွေက မြို တိုင်းရင်းသားတွေဟာ ​မောင်​​တောမြို့ ၃ မိုင်​အနီးရှိ သီဟိုလ်အေးကျေးရွာ​ကို ​၂၀၁၇ ဒီဇင်​ဘာ လကတည်းက ရွှေ့​ပြောင်းလာခဲ့ကြတာပါ။ အခုအခါ သီဟိုလ်အေး​ကျေးရွာကို ​မောင်​​တောမြို့နယ်​ အ​ထွေ​ထွေ အုပ်​ချုပ်​​ရေး ဦးစီးဌာနမှ ​​မောင်​​တောမြို့မှ မိုင်​ ၃၀ ​ကျော်​လောက်ဝေး​တဲ့ မောင်​​တောမြို့နယ်​ ​မြောက်​ပိုင်း ခုံတိုင်​​ကျေးရွာကို ရွှေ့​ပြောင်းခိုင်​​တဲ့အတွက် သီဟိုလ်အေးကျေးရွာသူ/သားတွေ အလွန်​အခက်အခဲ ကြုံနေရတယ်လို့ သီဟိုအေးကျေးရွာနေ ဦးနီ​အောင်​က​ ပြောပါတယ်​။ "အားလုံးဆန္ဒက ဒီ​နေရာက မ​ပြောင်းချင်​ကြပါဘူး။ ဘာအတွက်​လဲဆို​တော့ ဒီရွာသူရွာသား​တွေဟာ ​တော​တောင်​က​နေ မျှစ်​ချိုး ဟင်းရှာ​ကြသလို ​ချောင်းမြောင်း​တွေက ငါးရှာကြသူ​တွေလည်း ရှိပါတယ်​။ ဒီလို သူတို့ရှာလို့ရလာတဲ့ ဟင်းသီး ဟင်းရွက်​၊ မျှစ်​နဲ့ ငါး​တွေကို ​၄ မိုင်​​ဈေးနဲ့ ​မောင်​​တော​ဈေး​တွေမှာ လွယ်​ကူစွာ​ ရောင်းချနိုင်​ပါတယ်​။ ​အထွေ​ထွေအုပ်ချုပ်ရေးက ​ပြောင်းခိုင်းတဲ့ ခုံတိုင်​က မိုင်​ ၃၀ ​ကျော်​​လောက်​ ဝေးပါတယ်​။ ​မောင်​​တောကို လာ​ရောက်​​မယ်​ဆိုရင်​ လူတ​ဦးကို ကားခက အသွား ၇၀၀၀ အပြန်​ ၇၀၀၀ ရှိပါတယ်​။ မျှစ်​နဲ့ ဟင်းသီးဟင်းရွက်​​တွေက တ​​နေကုန်​ရှာမှ ​ငွေ ၅၀၀၀ ဖိုးလောက်​ရကြတာပါ။ ဒါကြောင့်​ ​ရွာသူ/သား​တွေ စားဝတ်​​နေ​ရေး အခက်​အခဲ့​တွေနိုင်​ပါတယ်​။ ဒါ​ကြောင့် အားလုံးက ဒီ​နေရာမှာပဲ နေထိုင်​လို​ကြောင်း ဒီမှာပဲ ​ကျေးရွာအဖြစ် ​တရားဝင်​သတ်​မှတ်​​ပေးဖို့ ​​တောင်းဆိုချင်​ပါတယ်​။” သီိဟို​လ်အေး​ကျေးရွာမှာ​ အိမ်​​ခြေ ၇၀၊ လူဦးရေ  ၄၃၇ ဦး ​နေထိုင်ကြတယ်လို့ သိရပါတယ်။ မြိုတိုင်းရင်းသူ  ​ဒေါ်မဖြူက "ကျမတို့ ခုံတိုင်​ကို လုံးဝမသွားချင်​ပါဘူး။ ခုံတိုင်မှာ သွား​နေရင်​ စားဝတ်​​နေ​ရေး အခက်​​တွေ့နိုင်​သလို က​လေး​တွေရဲ့ ပညာ​ရေးလည်း ဆုံးရှုံးသွားနိုင်​ပါတယ်​။ အခုက က​လေး​တွေကို ၃ မိုင်​ ပရဟိတကျောင်းမှာ စာသင်​ကြားနိုင်​ပါတယ်​။ ဒီ​နေရာမှာ စ​ရောက်​ ကတည်းက မိမိအလုပ်​မိမိလုပ်​ပြီး အသက်​​မွေးဝမ်း​ကျောင်းပြု​နေတာပါ။ ဒါ​ကြောင့်​ ဒီကိုယ့်​အား ကိုယ်​ကိုးပြီး ​ဆောက်​လုပ်​​နေထိုင်​​နေတဲ့ ကျမတို့ရွာ​လေးကိုပဲ အစိုးရက အသိအမှတ်​ပြု​ပေးပါ” လို့ ​တောင်​ဆိုချင်​တယ်​” လို့ ပြောပါတယ်။ သူတို့ဟာ​ အစပိုင်းမှာ​ သုံးမိုင်​ပရဟိတကျောင်းမှာ​ အိ​မ်​​ခြေ ၈၀ ​ကျော်​ လူဦး​ရေ ၅၀၀ ​ကျော်​​နဲ့ ယာယီ ၂ လလောက်​ နေထိုင်​​ခဲ့ကြပြီး ၂၀၁၇ ဒီဇင်​ဘာ ၆ ရက်​​နေ့မှာ သုံးမိုင်​ဆရာ​တော်​ကြီးက သီဟို​လ်အေး​ကျေးရွာကို စတင်​​နေရာချ​ပေးထားခဲ့တာပါ။ ကောင်းကောင်း
2 years Ago
Up