သီဟာနုဆိပ်ကမ်း

February 19, 2020

တရုတ်ခရီးသည်များ မလာတော့သဖြင့် ကမ္ဘောဒီးယား သီဟာနုဆိပ်ကမ်း ခြောက်ကပ်နေ

အရင်က တရုတ်ခရီးသွားတွေ အစုလိုက်အပြုံလိုက် လာရောက်လည်ပတ်လေ့ရှိတဲ့ ကမ္ဘောဒီးယားနိုင်ငံရှိ သီဟာနုဗေလီဆိပ်ကမ်းဟာ ခုတော့ ခြောက်ကပ်နေပါတယ်။ အရင်က ငြိမ်သက်နေတဲ့ မြို့လေးကနေ အကြီးစား တရုတ်စီးပွားရေး ဗဟိုနေရာ ဖြစ်လာစေခဲ့တဲ့ အွန်လိုင်း လောင်းကစားလုပ်ငန်းကို  ကမ္ဘောဒီးယားအစိုးရက မနှစ်က တားမြစ် ပိတ်ပင်ခဲ့ပြီးပါပြီ။  လတ်တလော ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုက နောက်ထပ် ထိုးနှက်ချက် ဖြစ်လာတာပါ။ ၂၀၁၉ သြဂုတ်က အွန်လိုင်း လောင်းကစားလုပ်ငန်းကို ပိတ်ခဲ့အပြီး ကမ္ဘောဒီးယား ပြည်သူ ၇၀၀၀ ထက်မနည်း အလုပ်လက်မဲ့ ဖြစ်ခဲ့ပါတယ်။ သီဟာနုဗေလီမြို့ ဆိပ်ကမ်းမှာ ရပ်ခဲ့တဲ့ ဇိမ်ခံသင်္ဘောပေါ်ကနေ ဆင်းလာတဲ့ ခရီးသည်တယောက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာ တွေ့အပြီး နောက်ဆက်တွဲ ဖြစ်ရပ်တွေအတွက် ပြည်သူတွေ စဉ်းစားနေကြပါတယ်။ အစိုးရက ဘာလုပ်မယ်ဆိုတဲ့ စကားအတွက် ပြည်သူတွေ စိုးရိမ်တကြီး စောင့်နေကြတာပါ။ ဝန်ကြီးချုပ် ဟွန်ဆန်ကတော့ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ ပတ်သက်ပြီး အရေးမကြီးသယောင် ပြောထားပါတယ်။ The MS Westerdam ဇိမ်ခံသင်္ဘောပေါ်ကနေ မလေးရှားနိုင်ငံမှာ ဆင်းသက်ခဲ့တဲ့ အသက် ၈၃ နှစ်အရွယ် အမျိုးသမီးဆီမှာ ဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ မလေးရှား ကျန်းမာရေး အာဏာပိုင်တွေက ပြောအပြီးမှာ သင်္ဘောဟာ နိုင်ငံအတော်များများက ဆိပ်ကမ်းတွေက ကမ်းကပ်ခွင့် ငြင်းပယ်ခံရပါတယ်။ ကမ္ဘောဒီးယား အစိုးရကတော့ အဲဒီသင်္ဘောကို ဖေဖော်ဝါရီ ၁၅ ရက်က သီဟာနုဗေလီမြို့ ဆိပ်ကမ်းမှာ ရပ်နားခွင့်ပေးပြီး သင်္ဘောပေါ်က ခရီးသည်တွေ ဆိပ်ကမ်းပေါ် ဆင်းချိန်မှာ ဝန်ကြီးချုပ်ကိုယ်တိုင် လာရောက်လက်ဆွဲနှုတ်ဆက်ပြီး ပန်းတွေနဲ့ ကြိုဆိုခဲ့ပါတယ်။
1 year Ago
Up