သီလဝါဆိပ်ကမ်းတွင်

September 24, 2017

သီလဝါဆိပ်ကမ်းတွင် ပြည်ပပို့မည့် တရားမ၀င်သစ်တန် ၂၀၀ ကျော် သိမ်းဆည်းမိ

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် သီလဝါဆိပ်ကမ်း (MITT) မှာ ပြည်ပတင်ပို့မယ့် ကုန်သေတ္တာ ၁၆ လုံးအတွင်းမှ တရားမဝင်သစ် တန် ၂ဝဝ ကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ နိုင်ငံပိုင်သတင်းမှာ ဖော်ပြပါတယ်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီခွဲလောက်က ကျောက်တန်းမြို့နယ် သီလဝါဆိပ်ကမ်း (MITT) ရှိ ပြည်ပတင်ပို့မယ့် ကုန်သေတ္တာတွေထဲမှာ တရားမဝင်သစ်တွေ ထည့်သွင်းထားကြောင်း သတင်းရလို့ အကောက်ခွန် စစ်ဆေးရေး ဝန်ထမ်းတွေက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်နေ ကျော်ကျော် ဇင် (YG Authorized Customs Agency) ပိုင် ကုန်သေတ္တာအလုံး ၂ဝ ကို ဖွင့်ဖောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ဆေးရာမှာ ကုန်သေတ္တာ ၁၆ လုံးအတွင်းမှ ပိတောက်သစ်ခွဲသား စုစုပေါင်းတန်ချိန် ၂၂၉ ဒသမ ၁၉ တန်လောက်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။ တရားမဝင်သစ်တွေ ရှာဖွေတွေ့ရှိခဲ့လို့ ကျော်ကျော်ဇင် (၃၆ နှစ်)ကို ကျောက်တန်းမြို့နယ် သီလဝါနယ်မြေ ရဲစခန်းက အမှုဖွင့်အရေး ယူဆောင်ရွက်ထားကြောင်း သိရပါတယ်။
4 years Ago
Up