သီလဝါ

September 20, 2020

သီလဝါပြည်တွင်းစက်မှုဇုန်က ဝန်ထမ်း ၂ ဦး ကိုဗစ်-၁၉ ပိုးတွေ့

သီလဝါပြည်တွင်းစက်မှုဇုန်က အထည်ချုပ်စက်ရုံဝန်ထမ်း တစ်ယောက်နဲ့ ဆောက်လုပ်ရေးကုမ္ပဏီက ဝန်ထမ်းတစ်ယောက်မှာ ရောဂါပိုးတွေ့ခဲ့ကြောင်း ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက DVB ကို ပြောပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ မနေ့ညနဲ့ ဒီမနက်ထုတ်ပြန်တဲ့ ပိုးတွေ့လူနာစုစုပေါင်း ၆၄၂ ယောက်ထဲက  ကျောက်တန်းမြို့နယ်ထဲက ပိုးတွေ့ရှိသူ ၁၅ ယောက် ပါဝင်ပြီး၊ ဒီ ၁၅ ယောက်ထဲမှာ သီလဝါပြည်တွင်းစက်မှုဇုန်က ဝန်ထမ်း ၂ ယောက် ပါဝင်လာတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ အတည်ပြုလူနာတွေနဲ့ ထိတွေ့ရာက အသွားအလာ ကန့်သတ်ထားချိန်မှာ ရောဂါပိုး စစ်ဆေးတွေ့ရှိတာပါ။ အခုတွေ့ရှိတဲ့ ပိုးတွေ့လူနာ ၁၅ ယောက်ထဲက အများစုဟာ အတည်ပြုလူနာဟောင်းတွေနဲ့ ထိတွေ့ခဲ့သူတွေ ပါဝင်ပြီး အနံ့ပျောက်ပြီး စစ်ဆေးရာက ပိုးတွေ့သူတွေလည်း ပါဝင်ပါတယ်။  အခုအတည်ပြုလူနာသစ် ၁၅ ယောက်နဲ့ပတ်သက်ပြီး အသွားအလာကန့်သတ်တာတွေ အပြင် ကျန်းမာရေးဆိုင်ရာတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ပြောပါတယ်။ ကျောက်တန်းမြို့နယ်မှာ အတည်ပြုလူနာ စုစုပေါင်း အယောက် ၂၀ ရှိပြီ ဖြစ်ပါတယ်။
9 months Ago

October 2, 2019

ရန်ကုန်တဖက်ကမ်း သန်လျင်က ဂျပန်စက်မှုမြို့တော် သီလဝါ (ဓာတ်ပုံ)

သီလဝါ အထူးစီးပွားရေးဇုန်ကို  ၂၀၁၅ စက်တင်ဘာ ၂၃ ရက်မှာ ဇုန်အေ ၄၀၅ ဟက်တာကို စီးပွားဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ဘယ်နိုင်ငံမှာမရှိတဲ့ One Stop Service Center(OSSC) က ဇုန်ကို အောင်မြင်မှုတွေ ဆောင်ကြဉ်းပေးခဲ့တယ်။   ဂျပန်နိုင်ငံက ဂျုံနဲ့ မြန်မာခေါက်ဆွဲခြောက်ထုပ် ထုတ်နေတဲ့ ဂျပန်ခေါက်ဆွဲခြောက် စက်ရုံက တရက်ကို ခေါက်ဆွဲခြောက်ထုပ်ပေါင်း ၂သန်းကျော် ထုတ်လုပ်နေ။      သီလဝါ အထူးစီးပွားရေးဇုန်ရှိ ဂျပန်ဆူဇူကီးမော်တော်ကားစက်ရုံကနေ တရက် ကားစီးရေ ၄၀ ထုတ်လုပ်နေ။   အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၇၀၀၀ ကျော် ဖန်တီးပေးထားတဲ့ သီလဝါအထူး စီးပွားရေးဇုန်က စက်ရုံ အလုပ်ရုံများ။   ဂျပန်၊ ထိုင်းနဲ့ အင်ဒိုနီးရှားတို့ကနေ စက်ပစ္စည်းအစိတ်အပိုင်းများ တင်သွင်းပြီး သီလဝါအထူးစီးပွားရေးဇုန်မှာ ထုတ်လုပ်ထားတဲ့ ကားရောင်စုံကို ဝေဟင်မှ တွေ့မြင်ရစဉ်။     ဘုရားကျောင်းကန်နဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီး သီလဝါ အထူးစီးပွားရေးဇုန်ကို တည်ထောင်ထားတယ်။
2 years Ago
Up