သီလရှင်ဆရာလေး

A d v e r t i s e m e n t With Us

December 14, 2019

သီလရှင်ဆရာလေးတပါး အလှူရှင်တွေကို ချစ်စဖွယ်ဆုပေးနေတဲ့ ဗွီဒီယို လူကြိုက်များ

သီလရှင်ဆရာလေးတပါးရဲ့ အလှူရှင်တွေကို ချစ်စဖွယ်ဆုပေးနေတဲ့ ဗွီဒီယိုတခုဟာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ လူကြိုက်များနေပါတယ်။ ဒီဗွီဒီယိုကို Koko Ayelay ဆိုတဲ့ အကောင့်ပိုင်ရှင်က ဖေ့စ်ဘွတ်ခ်မှာ စတင် တိုက်ရိုက် လွှင့်တင်ခဲ့တာဖြစ်ပြီး ကြည့်ရှုသူပေါင်း ၃ သိန်းခွဲလောက်နဲ့ ပြန်ဝေမျှသူပေါင်း ၂ သောင်းခွဲလောက် ရှိနေပါတယ်။ ဒီဗွီဒီယိုကိုပဲ ဖေ့စ်ဘွတ်ခ်သုံးသူတွေက ပြန်ယူတင်ကြပြီး အဲဒီမှာလည်း ကြည့်ရှုသူတွေ အများအပြားစီ ရှိနေတာကို တွေ့ရပါတယ်။ အသက် ၄ နှစ်လောက်ပဲ ရှိဦးမယ့် ဆရာလေးဟာ ‘ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ လိုရာဆန္ဒ ပြည့်ပါစေ၊ ဆတက်ထမ်းပိုး တိုးပွားပါစေ ..’ လို့ မပီကလာနဲ့ ဆုပေးခဲ့တာကြောင့် အလှူရှင်တွေက သဘောကျပြီး ထပ်ကာထပ်ကာ ဆုပေးဖို့လည်း ပြောခဲ့ပါတယ်။ ဆုပေးအပြီး အလှူရှင်တွေက ဆရာလေးပေးတဲ့ ဆုနဲ့ ပြည့်ပါစေဆိုတဲ့အခါ ‘ဟုတ်ကဲ့ ပြည့်ပါစေ ဘဘ’လို့ ပြန်ပြောတာကြောင့် အလှူရှင်တွေက ပြုံးရွှင်ရယ်မော သဘောကျခဲ့ကြပါတယ်။ ပြီးတော့ စောင့်နေတဲ့ သီလရှင်ဆရာလေးတွေဆီကို ပြန်အသွားမှာ သူ့ဘာသာ သဘောကျပြီး ရယ်လိုက်တာကြောင့်လည်း အလှူရှင်တွေက သူ့ကို ပြန်ခေါ်ပြီး ရယ်ပြခိုင်းရတဲ့အထိ သဘောကျစရာ ဖြစ်နေပါတယ်။ သီလရှင်ဆရာလေးရဲ့ ချစ်စဖွယ် ဟန်ပန်ကြောင့် အလှူရှင်တွေက ထပ်မံပြီး လာရောက်အလှူခံဖို့ ဖိတ်ခေါ်နေကြတာကိုလည်း တွေ့ရပါတယ်။
1 year Ago
Up