သီလရှင်ကျောင်းများ

May 10, 2020

ဟင်္သာတမြို့ရှိ ဆွမ်းဆန်အခက်အခဲ ကြုံနေသည့် သီလရှင်ကျောင်းများကို ဆန်လှူဒါန်း

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ပေါ်ရှိ ဆွမ်းဆန်အခက်အခဲရှိနေတဲ့ သီလရှင်ကျောင်းတွေကို ဟင်္သာတ COVID-19 ကာကွယ်ကူညီရေးပရိတအဖွဲ့ကနေ စုပေါင်းဆန်လှူဒါန်းပေးနေပါတယ်။ ဟင်္သာတမြို့ပေါ်မှာ သီလရှင်ကျောင်းပေါင်း ၂၆ ကျောင်းရှိပြီး ဆွမ်းဆန်ခက်ခဲတဲ့ ကျောင်း ၂၀ ကျော်ကို ရွေးချယ်လှူဒါန်းတာလို့ ဟင်္သာတ COVID-19 ကာကွယ်ကူညီရေး ပရဟိတ ဦးဆောင်သူ ဦးကြက်က ပြောပါတယ်။ ဟင်္သာတမြို့ပေါ်မှာ ကျနော်တို့ COVID-19 ကာကွယ်ကူညီရေး ပရဟိတ ဟင်္သာတအဖွဲ့က သူတို့ရဲ့ အသိမိတ်ဆွေတွေနဲ့ သူငယ်ချင်းတွေကို လိုက်လံအလှူခံပြီး ရလာတဲ့ လှူဘွယ်ပစ္စည်းတို့ကို ခွဲဝေပြီး ဟင်္သာတမြို့ပေါ်ရှိ သီလရှင် စာသင်တိုက်များထဲမှ ခုလိုကိုဗစ်ကာလမှာ အလှူခံမထွက်ရတဲ့အပေါ်မှာ လိုအပ်ချက်တွေရှိနေတဲ့ သီလရှင်စာသင်တိုက်တချို့ကို လိုက်လံလှူပေးနေတာ ဖြစ်ပါတယ်။ နောက်နေ့တွေမှာလည်း လိုအပ်တဲ့ စားဝတ်နေရေး အဆင်မပြေဖြစ်နေတဲ့ နေအိမ်တွေကို တတ်နိုင်တဲ့ဘက်က လှူဒါန်းပေးသွားမယ်” လို့ ပြောပါတယ်။ ဟင်္သာတ COVID-19 ကာကွယ်ကူညီရေး ပရိတအဖွဲ့ဟာ မြို့ပေါ်လူငယ်တွေနဲ့ စေတနာရှင်တွေ စုပေါင်းဖွဲ့စည်းထားပြီး ကာကွယ်ဆေးဖျန်းတာ၊ Mask ဝေတာ၊ ဆန်ဝေတာ စတဲ့ COVID-19 ပညာပေးတာတွေကို လုပ်ဆောင်ပေးနေကြတာပါ။
12 months Ago
Up