သီလရှင်ကြီး နီယာမာလာ ဂျိုရှီ

June 24, 2015

မာသာထရီဇာကို ဆက်ခံသူ သီလရှင်ကြီး သေဆုံး

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မာသာထရီဆာကို ဆက်ခံသူ ဖြစ်ပြီး အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ကာလကတ္တားမြို့က Missionaries of Charity အဖွဲ့ခေါင်းဆောင်ဟောင်းဖြစ်သူ ခရစ်ယာန် သီလရှင်ကြီး နီယာမာလာ ဂျိုရှီဟာ အသက် ၈၀ အရွယ် ဇွန် ၂၃ ရက်နေ့က သေဆုံးခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်က မာသာထရီဇာ သေဆုံးအပြီး အဖွဲ့အစည်းကို လက်လွှဲယူအပြီးမှာ နီယာမာလာဟာ အာဖဂန်နစ္စတန်၊ အစ္စရေးနဲ့ ထိုင်း အပါအဝင် နိုင်ငံပေါင်း ၁၃၄ နိုင်ငံမှာ ဌာနခွဲတွေ ဖွင့်လှစ်တိုးချဲ့ခဲ့တာပါ။ ၂၀၀၉ မှာတော့ ကျန်းမာရေး ညံ့လာလို့ ရာထူးက ဆင်းပေးခဲ့ပါတယ်။ အိန္ဒိယရဲ့ အကြီးဆုံး နိုင်ငံရေးပါတီတွေက နိုင်ငံရေးသမားတွေ သူ့ကို လေးစား ဂုဏ်ပြုကြပါတယ်။ ဝန်ကြီးချုပ် နရင်ဒြာမိုဒီက ခရစ်ယာန်သီလရှင်ကြီး နီယာမာလာရဲ့ ဘဝဟာ ဆင်းရဲသားတွေ၊ ဇာတ်နိမ့်လူတန်းစားတွေကို ဂရုစိုက်ရင်း ဝန်ဆောင်မှုပေးရတာကို ချစ်မြတ်နိုးခဲ့တယ်။ သူကွယ်လွန်တဲ့အတွက် ဝမ်းနည်းရတယ်လို့ သူ့ရဲ့ တွစ်တာ လူမှုကွန်ရက် စာမျက်နှာမှာ ပြောခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်က ခရစ်ယာန် သီလရှင်ကြီး နီယာမာလာ ရာထူးက ဆင်းချိန်မှာ သီလရှင် မာရီ ပရီမာက သူ့နေရာကို ဆက်ခံဖို့ ကာလကတ္တားမြို့မှာ ၂၀၀၉ ဧပြီက ကျင်းပတဲ့ ခရစ်ယာန် အသင်းတော် အဖွဲ့ဝင်များ အစည်းအဝေးအတွင်း ရွေးကောက် တင်မြှောက် ခံခဲ့ရပါတယ်။
6 years Ago
Up