ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ဘုရင်မ သီရိခေတ် ရုက္ခဗေဒဥယျာဉ်မှာ ဒီဇင်ဘာလက စပြီး သစ်ပင်ထိပ်ဖျားပေါ်ကနေ လမ်းလျှောက်နိုင်တဲ့ အရှည်ဆုံးတံတား ဖွင့်လှစ်မှာ ဖြစ်ပါတယ်။
တံတားဟာ မီတာ ၄၀၀ ရှည်ပြီး မီတာ ၂၀ မြင့်မှာဖြစ်တယ်လို့ ရုက္ခဗေဒပန်းခြံ လက်ထောက်အကြီးအကဲကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းစာက ရေးပါတယ်။
ဒီတံတားက ပန်းခြံကို အပေါ်စီးကနေ ကြည့်နိုင်မှာဖြစ်သလို တံတားအစိတ်အပိုင်းတချို့မှာ ဖန်သားတွေနဲ့ တပ်ဆင်မှာ ဖြစ်တဲ့အတွက် အောက်ခြေက သဘာဝအလှကိုလည်း ရှုစားနိုင်မယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မိုးပျံလမ်းကို သံမဏိနဲ့ ပြုလုပ်ထားပြီး လုံခြုံရေးစံချိန်စံနှုန်း မီတယ်လို့ ဆိုပါတယ်။
သီရိခေတ်ပန်းခြံဟာ မဲရင်းခရိုင် ဆူတက်တောင်ပေါ်အနီးမှာ တည်ရှိပါတယ်။
7 years Ago