သီရိလင်္ကာပြည်သူတွေဟာ လွှတ်တော်ရွေးကောက်ပွဲအတွက် သြဂုတ် ၅ ရက်က မဲပေးခဲ့ကြပါတယ်။
သမ္မတ ဂိုတာဘာယာ ရာဂျာပတ်စာက လွှတ်တော်သစ်ဟာ သူ့ရဲ့လုပ်ပိုင်ခွင့်အာဏာကို တိုးမြှင့်ဖို့ လမ်းခင်းပေးမယ်လို့ မျှော်လင့်နေပါတယ်။
အမတ် ၂၂၅ ဦးရှိတဲ့ လွှတ်တော်ရဲ့ သုံးပုံနှစ်ပုံမှာ သူ့ပါတီ အနိုင်ရဖို့ သမ္မတ ရာဂျာပတ်စာက ကြိုးပမ်းနေတာပါ။ ဒါမှသာ သူ့ရဲ့အကျိုးစီးပွားနဲ့ အမျိုးသားလုံခြုံရေးအစီအစဉ် အကောင်အထည်ပေါ်စေဖို့ သမ္မတကို လုပ်ပိုင်ခွင့် ပိုပေးမယ့် ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
လွှတ်တော်ရွေးကောက်ပွဲအတွက် သီရိလင်္ကာနိုင်ငံတဝန်းက မဲရုံတွေကို မနက် ၇ နာရီမှာ ဖွင့်လှစ်ပြီး ညနေ ၅ နာရီမှာ ပိတ်သိမ်းဖို့ စီစဉ်ထားပါတယ်။
လူဦးရေ ၂၁ သန်းရှိတဲ့ သီရိလင်္ကာနိုင်ငံရဲ့ လွှတ်တော် ရွေးကောက်ပွဲမှာ မဲပေးမယ့်သူတွေဟာ မဲရုံမဝင်ခင် လက်သန့်ဆေးရည်နဲ့ လက်ဆေးရတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
3 years Ago