သီရိလင်္ကာ မိုးကြီးမြေပြိုမှုအတွင်း သေဆုံးသူ ၈၂ ဦးထိ တိုး

May 23, 2016

သီရိလင်္ကာ မိုးကြီးမြေပြိုမှုအတွင်း သေဆုံးသူ ၈၂ ဦးထိ တိုး

သီရိလင်္ကာမှာ မိုးကြီးပြီး မြေပြိုမှုအတွင်း သေဆုံးသူ ၈၂ ဦးအထိ တိုးလာပါတယ်။ မေလ ၂၂ ရက်နေ့အထိ နောက်ထပ် လူ ၁၀၀ လောက် ပျောက်ဆုံးနေဆဲဖြစ်လို့ သေဆုံးသူဦးရေ တိုးလာဖွယ် ရှိပါတယ်။ မိုးဆက်လက်ရွာသွန်းပြီး ရာသီဥတု အခြေအနေ ဆိုးနေတာကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေလည်း ထင်သလောက် ခရီးမပေါက်နိုင် ဖြစ်နေပါတယ်။ အာဏာပိုင်တွေဟာ ရေကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတွေအတွက်ပါ ပူပန်နေရပါပြီ။ ရေကြီးတာကြောင့် သောက်သုံးရေ၊ လျှပ်စစ်မီးတွေလည်း အခက်ကြုံနေရပေမယ့် ဒေသခံအများစုဟာ သူတို့အိမ်တွေကနေ မခွာကြပါဘူး။ ရေကျချိန်မှာ အလောင်းတွေ ထပ်တွေ့ရမယ်လို့ အာဏာပိုင်တွေက တွက်ဆထားပါတယ်။ သီရိလင်္ကာ ရေတပ်ကလည်း အရေးပေါ် တယ်လီဖုန်းလိုင်းကို ဖွင့်ထားပြီိး အိမ်တွေထဲ ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ စီစဉ်ထားပါတယ်။ ရေတပ်သားတွေဟာ လှေတွေကို အသုံးပြုပြီး ရေနက်ပိုင်းတွေမှာ ဆင်းကယ်ပေးနေပါတယ်။ ဘုန်းကြီးကျောင်းတွေဟာလည်း ဒဏ်ရာရလူနာတွေ၊ ဖျားနာသူတွေကို ယာယီ စောင့်ရှောက်ပေးရာနေရာ ဖြစ်နေပါတယ်။
6 years Ago
Up