သီရိလင်္ကာဝန်ကြီးချုပ် အနိုင်ရ

April 5, 2018

အယုံအကြည်မရှိအဆို မဲခွဲဆုံးဖြတ်ရာတွင် သီရိလင်္ကာဝန်ကြီးချုပ် အနိုင်ရ

သီရိလင်္ကာလွှတ်တော်မှာ ၀န်ကြီးချုပ် ရာနီးဝိခရီမီဆင်ဟာကို အယုံအကြည်မရှိ အဆိုတင်သွင်းပြီး မဲခွဲရာမှာ ထောက်ခံမဲအများစုနဲ့ ၀န်ကြီးချုပ်ကပဲ အနိုင်ရရှိသွားပါတယ်။ သီရိလင်္ကာ ၀န်ကြီးချုပ် ရာနီးဝိခရီမီဆင်ကို ဧပြီလ ၄ ရက်နေ့က လွှတ်တော်မှာ အယုံအကြည်မရှိ အဆိုတင် မဲခွဲဆုံးဖြတ်ခဲပေမယ့် ၀န်ကြီးချုပ်ရဲ့ ညွန့်ပေါင်း အစိုးရမှာပါတဲ့ ပါတီတွေရဲ့ အမတ်တွေက ၀န်ကြီးချုပ်ကို ထောက်ခံမဲ ပေးခဲ့ကြပါတယ်။ အစိုးရငွေချေးစာချုပ်ဈေးကွက်မှာ ဖြစ်ပွားတဲ့ လိမ်လည်မှုတခုကို မဖြစ်အောင်လုပ်ဖို့ ပျက်ကွက်ခဲ့တာ၊ ပြီးခဲ့တဲ့လတုန်းက ဖြစ်ခဲ့တဲ့ လူမျိုးရေးဂိုဏ်းကဏ္ဍကွဲပြားမှု မဖြစ်အောင် မတားနိုင်ခဲ့တာတွေအတွက် အတိုက်အခံပါတီက ၀န်ကြီးချုပ်ကို လွှတ်တော်မှာ အယုံအကြည်မရှိ အဆိုတင်သွင်းခဲ့တာပါ။ ၀န်ကြီးချုပ်ဟာ အမတ် ၂၂၅ ဦးထဲက ထောက်ခံမဲ ၁၂၂ မဲ၊ ကန့်ကွက်မဲ ၇၆ မဲရပြီး အဆိုကို အနိုင်ရခဲ့တာပါ။ ဒီမဲပေးမှုမှာ ကျနော်တို့ အဓိက အောင်မြင်သွားတာတွေ ရှိပါတယ်။ ပထမတခုက ၇၆ မဲရတယ်ဆိုတော့ လွှတ်တော်ထဲမှာ သုံးပုံ၊ ၂ ပုံနဲ့ ရှုံးသွားတာပါ။ ဒုတိယတခုက ၀န်ကြီးချုပ်အနေနဲ့ သူ့ပါတီတွင်းမှာ ကြုံနေရတဲ့ ပြဿနာက မပြီးသွားပါဘူး။ သူ့ပါတီဝင်တွေကို ပြောထားတဲ့ကတိတွေ သူ့မှာလုပ်ဖို့ရှိပါတယ်။ မလုပ်ဘူးဆိုရင် ဒါမျိုး နောက်တစ်ခေါက်ဖြစ်လာဦးမှာပဲ။ သမ္မတသီရိသေန ဘက်တော်သား အမတ်တွေက ကျနော်တို့နဲ့လက်တွဲဖို့ သဘောတူလိုက်ပြီဆိုတော့ ဒါတွေက ကျနော်တို့အောင်ပွဲပါလို့ အတိုက်အခံလွှတ်တော်အမတ် ၀ီမလ၀ီရ၀ံသာက ပြောပါတယ်။ ပူးတွဲ အတိုက်အခံ အမတ်တွေကြောင့် ၀န်ကြီးချုပ် မဲပေးမှုမှာ မရှုံးခဲ့တာပါ။ ဒါပေမယ့် ကျနော်တို့ ပါတီဝင်အမတ်တွေသာ ဒီနေ့စည်းလုံးရင် ဒီလိုရလဒ် မထွက်လာပါဘူး။ ရလဒ် လုံးဝပြောင်းသွားမှာပါလို့ သမ္မတဟောင်း မဟိန္ဒရာဇပါစ ကပြောပါတယ်။ ၀န်ကြီးချုပ်က ပါတီကို အသိအမှတ်ပြုဖို့ ငြင်းရင်တော့ အယုံအကြည်မရှိ အဆိုတင် မဲခွဲဆုံးဖြတ်ရမှာပဲ။ အသိအမှတ်ပြုပါမယ်လို့ အခုသူပြောသွားပြီ။ ကျနော်တို့မှာဖြစ်နေတာက ဒီပြဿနာတခုတည်း ပဲလို့ အာဏာရပါတီ လွှတ်တော်အမတ် ရန်ဂဘန္ဒရက ပြောပါတယ်။ ၀န်ကြီးချုပ်ဟာ အယုံအကြည်မရှိအဆို မဲခွဲမှုမှာ အနိုင်ရခဲ့ပေမယ့် နိုင်ငံ့စီးပွားရေး ကျဆင်းမှုကြောင့် ဝေဖန်တာတွေကိုတော့ ကြုံနေရပါတယ်။
3 years Ago
Up