သီရိလင်္ကာတွင် ဗီဆက်ဘာသာရေးပွဲတော်ကျင်းပ၊ လူသောင်းချီ ပါဝင်ဆင်နွှဲ

May 12, 2017

သီရိလင်္ကာတွင် ဗီဆက်ဘာသာရေးပွဲတော်ကျင်းပ၊ လူသောင်းချီ ပါဝင်ဆင်နွှဲ (ရုပ်သံ)

သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုမှာ မေ ၁၀ ရက်နေ့က ဗုဒ္ဓမြတ်စွာဘုရားရှင် မွေးဖွားတော်မူခြင်း အထိမ်းအမှတ် ဗီဆက်(Vesak) ဘာသာရေးပွဲတော် ကျင်းပခဲ့ပြီး လူသောင်းနဲ့ချီ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ အဲဒီပွဲတော်ဟာ ဗုဒ္ဓမြတ်စွာ ဖွားမြင်တော်မူခြင်း၊ သဗ္ဗညုတ ရွှေဉာဏ်တော်ရခြင်းနဲ့ ပရိနိဗ္ဗာန်ပြုခြင်း အထိမ်းအမှတ်အနေနဲ့ ကျင်းပတဲ့ပွဲတော် ဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံမှာ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ဗီဆက်ပွဲတော်ကို ၁၄ ကြိမ်မြောက် ကျင်းပတာ ဖြစ်တဲ့အတွက်  ဒီနှစ်ပွဲတော်ဟာ အတော်လေးကို ထူးခြားစည်ကားလှပါတယ်။ မြို့တော် ကိုလံဘိုက လမ်းတွေမှာ မီးအိမ်တွေ၊ ရောင်စုံမီးတွေ၊ ဗုဒ္ဓဘာသာအလံတွေနဲ့ တန်ဆာဆင်ထားကြပါတယ်။ မြို့သူမြို့သားတွေဟာ ဟန်ဆာလာ (dhansalas) လို့ခေါ်တဲ့ မဏ္ဍပ်တွေပြုလုပ်ပြီး ပွဲတော်လာ ဧည့်သည်တွေကို စတုဒီသာတွေ ကျွေးမွေးကြပါတယ်။ သီရိလင်္ကာနိုင်ငံ လူဦးရေရဲ့ ၃ ပုံ ၂ ပုံကျော်ဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။
4 years Ago
Up