သီရိနှင်းအိမ်

October 19, 2020

“ဝေးသွားလည်း”သီချင်းဖြင့် ပြိုင်ဘက်ကို ချန်ခဲ့ပြီး Battle Round ကိုဖြတ်ကျော်ခဲ့သည့် သီရိနှင်းအိမ် (ရုပ်သံ)

       လတ်တလော ကျင်းပနေတဲ့ The Voice Myanmar Season 3 ရဲ့ Battle Round အဆင့်မှာတော့ ပြိုင်ပွဲဝင်တယောက်ဖြစ်တဲ့ သီရိနှင်းအိမ်က ကျားပေါက်ရဲ့ သီချင်းတပုဒ်နဲ့ ပြိုင်ဘက်ကို ချန်ခဲ့ကာ နောက်တဆင့် တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီအဆင့်မှာတော့ ပထမ Blind Audition အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့တဲ့ ပြိုင်ပွဲဝင် ၄၈ ယောက်ထဲက သက်ဆိုင်ရာ Coach တွေရဲ့ Team တွေအလိုက် ၂ ယောက်တတွဲစီ သီ ဆိုယှဉ်ပြိုင်ကြရတာဖြစ်ပြီး တယောက်ကိုသာ ရွေးချယ်မှာ ဖြစ်ပါတယ်။ ခုတပတ်ပြိုင်ပွဲမှာတော့ ကျားပေါက်ရဲ့ အဖွဲ့ထဲက ပြိုင်ပွဲဝင်တွေ ဖြစ်ကြတဲ့ သီရိနှင်းအိမ်နဲ့ Nwai 9 တို့က ကျားပေါက်ရဲ့ နာမည်ကြီးသီချင်းတပုဒ်ဖြစ်တဲ့ “ဝေးသွားလည်း” သီချင်းနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ Blind Audition အဆင့်မှာတုန်းကတော့ သီရိနှင်းအိမ်က နာမည်ကြီး ဗြိတိန်အဆိုတော် Adele ရဲ့ “All I Ask” သီချင်းနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး Nwai 9 ကတော့ အဆိုတော် သာဒီးလူနဲ့ ရက်ပ်ပါ J-Me တို့ သီဆိုထားတဲ့ “ဂျူဒီ”သီချင်းနဲ့ ထူးထူးခြားခြား ယှဉ်ပြိုင်ပြီး ကျားပေါက်ရဲ့ အဖွဲ့ထဲကို ရောက်ရှိခဲ့ကြတာ ဖြစ်ပါတယ်။ ခုတခါ “ဝေးသွားလည်း”သီချင်းနဲ့ သူတို့ ၂ ယောက်ရဲ့ Battle Round ယှဉ်ပြိုင်မှုအ ဆုံးမှာတော့ သူတို့ထဲက တယောက်ကို နောက်တဆင့် ဆက်ခေါ်သွားဖို့ ဆုံးဖြတ်ရချိန်မှာတော့ ကျားပေါက်က သီရိနှင်းအိမ်ကို ရွေးချယ်ခဲ့တာမို့ Nwai 9 ကတော့ ဒီအဆင့်ကနေ လက်ပြနှုတ်ဆက်သွားခဲ့ရပြီ ဖြစ်ပါတယ်။
1 year Ago
Up