သီတင်းနှစ်ပတ်ကျော်

November 2, 2019

လက်ဘနွန်တွင် သီတင်းနှစ်ပတ်ကျော်ကြာ ဆန္ဒပြပွဲများကြောင့် ပိတ်ထားရသည့်ဘဏ်များ ပြန်ဖွင့်

လက်ဘနွန်နိုင်ငံတလွှား သီတင်းပတ်နှစ်ပတ်ကျော်ကြာ ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်ပြီးနောက် ပထမဆုံးအနေနဲ့ နိုဝင်ဘာ ၁ ရက်နေ့မှာ ဘဏ်တွေပြန်ဖွင့်လိုက်ပါပြီ။   နိုင်ငံ့စီးပွားရေး ကျဆင်းမှုကို ကိုင်တွယ်ဖြေရှင်းဖို့ အစိုးရရဲ့ တာဝန်ပျက်ကွက်တာနဲ့ ပတ်သက်လို့ ပြည်သူတွေက ဆန့်ကျင်ဆန္ဒပြခဲ့ကြတာ ဖြစ်ပြီး အောက်တိုဘာ ၂၉ရက်မှာတော့ ဝန်ကြီးချုပ် ဟာရီရီ ရာထူးက နုတ်ထွက်သွားခဲ့ရပါတယ်။  အကြမ်းဖက်ဆန္ဒပြပွဲတွေအပြီး ဘဏ်တွေ ပထမဆုံးပြန်ဖွင့်တဲ့ သောကြာနေ့ မနက်မှာတော့ မြို့တော်ဘေရွတ်က ဘဏ်သုံးခုအပြင်ဘက်မှာ လူ အယောက်နှစ်ဆယ်လောက် တန်းစီနေတဲ့ ရုပ်သံဖိုင်ကို ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။  လက်ဘနွန်နိုင်ငံဟာ ၁၉၅၇-၁၉၉၀ ပြည်တွင်းစစ်နောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေး ကပ်ဘေးနဲ့ ရင်ဆိုင်ခဲ့ရတာပါ။   ဆေးရွက်ကြီး၊ အွန်လိုင်းဖုန်းခေါ်ဆိုမှုနဲ့ လောင်စာဆီအပေါ် အခွန်ကောက်မယ့် အစီအစဉ်တွေကြောင့် ပြီးခဲ့တဲ့နှစ်ပတ်အတွင်း နိုင်ငံတလွှား ဆန္ဒပြပွဲတွေပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
2 years Ago
Up