သီတဂူဝိပဿနာအကယ်ဒမီ

A d v e r t i s e m e n t With Us

June 5, 2020

ဇွန်လ ၅ ရက်မနက် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် မတွေ့ရှိ

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ  ၇၅၀  ကို ဒီနေ့ မနက် အစောပိုင်းက စစ်ဆေးပြီးစီးခဲ့ရာမှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် မတွေ့ရှိဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ မနေ့ညကတော့ စစ်ကိုင်းမြို့၊ သီတဂူဝိပဿနာအကယ်ဒမီမှာ Quarantine ထားရှိတဲ့ အိန္ဒိယနိုင်ငံက ပြန်လာတဲ့  သံဃာတော် ၂ ပါးမှာ ကိုဗစ်-၁၉  ရောဂါ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အဆိုပါ သံဃာတော် ၂ ပါးကို စစ်ကိုင်းမြို့၊ ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင် Isolated Ward သို့ပြောင်းရွေ့ပြီး ဆက်လက်ကုသသွားဖို့ရှိနေပါတယ်။ အိန္ဒိယနိုင်ငံကနေ ဒုတိယအသုတ် ပြန်လာတဲ့ သံဃာတော်  ၆၇ ပါးထဲက ၂ ပါးတွေ့တာ ဖြစ်ပြီး မြန်မာပြည်ပြန်ရောက်တည်းက ဖျားနေတာလို့ သိရပါတယ်။ ဇွန်လ ၅ ရက်မနက် ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  အတည်ပြုလူနာ ပေါင်း ၂၃၆ ဦး၊ သေဆုံးသူ ၆ ဦး၊  ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၁၄၈ ဦးရှိပြီး ဒီအထဲက ၁၃၄ ဦး ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီလို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ PHOTO-MOHS
9 months Ago
Up