စပိန်နိုင်ငံ မာလော့ကာကျွန်းမှာ နေအိမ်ထဲက အပြင်ထွက်လို့မရတဲ့ ဒေသခံတွေကို ရဲတပ်ဖွဲ့ဝင်တွေက သီချင်းတွေနဲ့ သီဆိုဖျော်ဖြေမှုလုပ်ဆောင်ပေးခဲ့ကြပါတယ်။
စပိန်တနိုင်ငံလုံး lockdown လုပ်ဆောင်ထားမှုရဲ့ ရှစ်ရက် မြောက်နေ့ မတ် ၂၁ ရက်က ဖျော်ဖြေပေးခဲ့ကြတာပါ။
စပိန်နိုင်ငံဟာ ဥရောပရဲ့ ဒုတိမြောက်အဆိုးရွားဆုံး ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ နိုင်ငံဖြစ်ပြီး အစိုးရက တနိုင်ငံလုံး အရေးပေါ်အခြေအနေကို ဧပြီ ၁၁ ရက်အထိ ထပ်မံတိုးမြှင့်ထားပါတယ်။
စပိန်မှာ ဒီနေ့မနက်အထိ ဗိုင်းရပ်စ်ကူး စက်ခံရသူ ၈ သောင်းကျော်နဲ့ သေဆုံးသူ ၆၈၀၀ ကျော်ရှိသွားပြီဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေရဲ့ သီဆိုဖျော်ဖြေပေးမှုကို မာလိုကာ ဒေသခံတဦးက ဗွီဒီယိုရိုက်မှတ်တမ်းတင်ခဲ့တာဖြစ်ပြီး ဗွီဒီယိုထဲမှာ ဂီတာ ကိုင်ထားတဲ့ ရဲတဦးအပါအဝင် စပိန် ရဲတပ်ဖွဲ့ဝင်တွေဟာ ကလေးသီချင်းတစ်ပုဒ်ကို သီဆိုဖျော်ဖြေခဲ့ကြကာ အိမ်ထဲမှာပဲနေထိုင်နေရတဲ့ ဒေသခံတွေက ဝရံတာတွေ၊ ပြတင်းပေါက်တွေကနေတဆင့် ကြည့်ရှုအားပေးခဲ့ပါတယ်။
ဒီဗွီဒီယိုဖိုင်ဟာ စပိန်နိုင်ငံမှာတင်မဟုတ်ဘဲ ကမ္ဘာတဝန်းလုံးအထိ နာမည်ကြီးသွားခဲ့ပြီး သီချင်းဆိုမှုပြီးဆုံးချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေက ကျေးဇူးတင်ကြောင်းနဲ့ အားတင်းထားကြဖို့ အားပေးစကားပြောဆိုသွားခဲ့ပါတယ်။
11 months Ago