သီချင်းရေးစပ်သီဆို

A d v e r t i s e m e n t With Us

March 30, 2020

တဦးနှင့်တဦး ခပ်ခွာခွာနေခြင်း အကျိုးကျေးဇူးအကြောင်း အင်္ဂလိပ်ဆရာဝန် သီချင်းရေးစပ်သီဆို

အင်္ဂလန်နိုင်ငံအတွင်း အရေးပေါ်ဆေးရုံတခုမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တဦးဟာ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုအတွင်း ခပ်ခွာခွာနေထိုင်ခြင်းကြောင့် ရရှိမယ့် အသက်ကယ်အကျိုးကျေး ဇူးတွေအကြောင်းကို သီချင်တစ်ပုဒ်ရေးစပ်ခဲ့ပါတယ်။  သမီးနှစ်ဦးမိခင် ဒေါက်တာ မိုင်ဆာ ရိုဆီက ဒီသီချင်းကိုရေးစပ်ခဲ့တာဖြစ်ပြီး သူမဟာ ဗိုင်းရပ်စ်တိုက်ဖြတ်ရေး ရှေ့တန်းစစ်မျက်နှာမှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။  ရိုစီဟာ  ဗြိတိန်တဝန်းလုံးမှာ ဗိုင်းရပ်စ်ပျံ့နှံ့မှုသိသိသာသာမြင့်တက်လာခဲ့ပြီးနောက် မတ် ၂၂ ရက်မှာ ဒီလိုသီချင်းရေးစပ်ခဲ့တာပါ။  ဒီသီချင်းဟာ အန္တရာယ်ကြီးကြီးမားမားရှိနေတဲ့ အုပ်စုတွေနဲ့ ဗိုင်းရပ်စပ်ပြန့်ပွားမှုကိုဖြစ်စေတဲ့ လူငယ်တွေရဲ့ အကျိုးဆက်တွေကို ထောက်ပြထားတယ်လို့ ရိုစီက ပြောပါတယ်။  “ဒီသီချင်းမှာ လူကြီးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ အဆုတ်ကျန်းမာရေးမကောင်းသူတွေ၊ ကင်ဆာဝေဒနာရှင်တွေ၊ ကိုယ်ခံအား မကောင်းသူတွေနဲ့ ဗိုင်းရပ်စ်ကူးစက်ခံရသူတွေကို နေ့စဉ်ဂရုစိုက်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေအကြောင်းလည်း ပါဝင်ပါတယ်။  “ကျမတို့အားလုံးမှာ ကိုယ့်ကိုယ်ကိုယ်တင်မဟုတ်ဘဲ အားလုံးကိုကာကွယ်ပေးဖို့ တာဝန်ရှိပါတယ်” လို့ ရိုစီက  ပြောပါတယ်။ 
11 months Ago
Up