သီချင်း

September 1, 2020

အသစ်ထွက်ရှိလာသည့် လူငယ်အဆိုတော် အုပ်စိုးခန့်သီချင်း-“မင်းအချစ်တစ်ခုတည်း”(ရုပ်သံ)

       “Come On Baby Girl… Baby Girl… Come On Baby Girl… Baby Girl… အသဲကထွက်ကျတဲ့စကားလုံးတွေ… သီချင်းတပုဒ်ဖြစ်မင်းလေးနားထောင်… အချက်ပြ မီးမရှိတဲ့ ကားတစီးလို… မင်းမရှိရင် ငါဟာ လမ်းမှား… ဆေးတော့လိုပြီ ကယ်အုံး… ဆ ရာဝန်တွေတောင် ကုလို့မရတဲ့… အဖြစ်မျိုးကြုံပြီ… သေချာနေတာ မင်းမရှိလို့ပဲ”        ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာခဲ့တဲ့ တေးသံရှင် အုပ်စိုးခန့်ရဲ့ သီချင်း သစ်တပုဒ်ထဲက တေးသွားစာသားတွေဖြစ်ပြီး ပရိသတ်တွေကြား ရေပန်းစားနေခဲ့ပါ တယ်။        “မင်းအချစ်တစ်ခုတည်း”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး ကောင်းဇော်က ရေးစပ်ပေးထားခဲ့တာဖြစ်ပါတယ်။        “Come On Baby Girl… Baby Girl… Omm… မင်းက မျောက်ဆိုရင်… ငါ ငှက် ပျောသီးလုပ်မယ်… Come On Baby Girl… Baby Girl… မင်းက ငှက်ဆိုရင်… တကိုင်း တည်းနားမယ့်… စိတ်ကူး ကြိတ်ရူး… ကမ္ဘာမှာလိုတာ မင်းအချစ်တစ်ခုပဲ… ဒါဒါဒါဒါဒါ”        နှုတ်ခမ်းနီမလေးတို့ အသည်းစွဲ လူငယ်အဆိုတော် အုပ်စိုးခန့်ဟာ လူမှုကွန်ရက်စာ မျက်နှာတွေပေါ်မှာ မိန်းကလေး ပရိသတ်တွေ အများစုက ချစ်ခင်အားပေးမှုတွေ ရရှိထား သူတဦးဖြစ်ပြီး “ချစ်နေပြီ” သီချင်းတပုဒ်တည်းနဲ့တင် လူသိများလာခဲ့ပြီး “The Number One” အမည်နဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တချပ် ထွက်ရှိထားခဲ့သူ ဖြစ်ပါတယ်။        နောက်ပိုင်းမှာလည်း ဆင်ဂယ်လ်သီချင်းတွေ၊ ပြန်ဆိုသီချင်းတွေနဲ့အတူ အနုပညာ လှုပ်ရှားမှုတွေ လုပ်ဆောင်နေပြီး သိပ်မကြာခင်ကတော့ ဆယ်ကျော်သက်အဆိုတော် မေလသံစဉ်ရဲ့ “ပြန်လည်ဆန်းသစ် နှောင်းတစ်ခေတ်” တေးအယ်လ်ဘမ်ထဲမှာ စုံတွဲသီဆိုထားကြတဲ့ “ရုန်းတော်လွှတ်တော်”သီချင်းကလည်း ပရိသတ်တွေ အားပေးမှုရရှိခဲ့တဲ့ သီချင်းတပုဒ် ဖြစ်ခဲ့ပါတယ်။ V7 Entertainment က မြူးဇစ်ဗီဒီယိုအနေနဲ့ တင်ဆက်ပေးလိုက်တဲ့ ခုသီချင်းရုပ် သံထဲမှာတော့ အုပ်စိုးခန့်နဲ့ မော်ဒယ် ခင်ရတီသင်းတို့က ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ ချစ်သူတို့ သဘာဝ ဇာတ်လမ်းသရုပ်ဖော်ပုံစံ ရိုက်ချက်တွေနဲ့အတူ ရှုစားနားဆင်ကြရမှာ ဖြစ်ပါတယ်။
1 year Ago

June 15, 2020

တကျော့ပြန်ထွက်ရှိလာသည့် အဆိုတော်ရှင်ဖုန်းသီချင်း “သူစိမ်းတစ်ယောက်ထက် မပိုတော့တဲ့သူ” (ရုပ်သံ)

       “မလွမ်းချင်ဘူး…. အတိတ်နေ့ရက်တွေကို… ပြန်သတိမရချင်ဘူး… တို့အဖြစ်အ ပျက်တွေကို… နာကျင်မေ့ပျောက်မရခဲ့တဲ့သူ… အရင်က ဝမ်းနည်းမျက်ရည်တချို့… အ ရာရာ အသစ်ပြန်မဖြစ်အောင် တောင်းဆုပြုချင်လို့”        ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာတဲ့ တေးသံရှင် ရှင်ဖုန်းရဲ့ သီချင်းသစ် တပုဒ်ထဲက တေးသွားစာသားတွေ ဖြစ်ပါတယ်။        “သူစိမ်းတစ်ယောက်ထက် မပိုတော့တဲ့သူ”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကို တော့ မြန်မာအိုင်ဒေါတေးသံရှင် ပိုးမီက ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး Tay Than Thar Music ကတဆင့် ဖြန့်ချိပေးထားခဲ့တာ ဖြစ်ပါတယ်။        ရှင်ဖုန်းဟာ တချိန်ကတော့ ခပ်အေးအေး ပေါ့ပ်သီချင်းချိုချိုလေးတွေနဲ့အတူ ဂီတ လောကမှာ ထင်ရှားခဲ့သူတယောက်ဖြစ်ပြီး နာမည်ကြီးအဆိုတော် အဲလက်စ်ရဲ့ ညီမ လည်း ဖြစ်ပါတယ်။        “ရင်ခုန်မိသူ”၊ “အလိုအပ်ဆုံး”၊ “ကြင်နာသူကမ်းမယ့်လက်”၊ “မင်းနဲ့အတူတူ”စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေအပြင် အတွဲသီချင်းတွေမှာရော၊ စုံတွဲသီချင်းတွေနဲ့ပါ ထင်ရှားခဲ့တဲ့ ရှင်ဖုန်းဟာ တေးသီချင်းသစ်တွေ ထွက်မလာခဲ့တာ အချိန်ကြာနေခဲ့ပြီ ဖြစ်ပါ တယ်။        ဒါပေမယ့် သူ့ရဲ့ ထင်ရှားတဲ့ သီချင်းတွေဖြစ်တဲ့ တယ်လီဖုန်းလေး၊ အလိုအပ်ဆုံးအ ရာ၊ ကိုယ်ပိုင်တဲ့ ကိုယ့်နေရာ၊ ခုံတန်းလေး၊ အလွမ်းကွန်ရက်စတဲ့ သီချင်းတွေကတော့ သီချင်းဆိုပြိုင်ပွဲတွေမှာရော၊ ကာဗာအနေနဲ့ ပြန်လည်သီဆိုမှုတွေရော လုပ်နေကြတဲ့ သီ ချင်းတွေ ဖြစ်ပါတယ်။        “နင်ပျော်မယ်ဆို ထားခဲ့လို့ ရတယ်… ပြန်လာပါ မပြောဘူး နားလည်တယ်… အ ချစ်မရှိတော့တဲ့ ဘဝဟာ တည်ဆောက်ဖို့မလွယ်… အချိန်တန်ရင် မေ့လို့သွားမယ်… ငါ ကိုယ်တိုင် သိနှင့်နေခဲ့… မင်းသဘောအတိုင်းပါ ငါ ထားရာနေခဲ့လည်း… ဒီအချစ်တွေ ကုန်ဆုံးတဲ့အခါ… ငါဟာ သူစိမ်းတယောက်ထက် မပိုတော့တဲ့သူပါ”        ခုအသစ်ထွက်ရှိလာတဲ့ သီချင်းထဲမှာတော့ တေးသံရှင် ရှင်ဖုန်းရဲ့ တကျော့ပြန်သီ ဆိုဟန်နဲ့အတူ ပရိသတ်တွေက ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။
2 years Ago
More News
Up