သီချင်းသစ် (ရုပ်သံ)

September 9, 2017

နှုတ်ခမ်းနီမလေးတွေကြား ရေပန်းစားနေသည့် One Direction အဖွဲ့ဝင်ဟောင်း ဇေယန်မလိခ် သီချင်းသစ် (ရုပ်သံ)

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အဆိုတော်တဦးဖြစ်တဲ့ ဗြိတိန်အခြေစိုက် One Direction အဖွဲ့ဝင်ဟောင်း ဇေယန်မလိခ် (Zayn Malik) ဟာ သူ့ရဲ့ သီချင်းအသစ်တပုဒ်ကို စက်တင်ဘာ ၇ ရက်နေ့က ထုတ်လွှင့်လိုက်ပါတယ်။ ဒီသီချင်းရဲ့ နာမည်ကိုတော့ Dusk Till Dawn လို့ နာမည်ပေးထားခဲ့ပြီး နာမည်ကြီးအဆိုတော်တဦးဖြစ်တဲ့ Sia နဲ့အတူ သီဆိုထားခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ဇေယန်မလိခ်ဟာ နာမည်ကြီး အဆိုပြိုင်ပွဲတခုဖြစ်တဲ့ The X-Factor မှာ ၂၀၁၀ ပြည့်နှစ်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဂီတလောကထဲကို စတင် ရောက်ရှိလာခဲ့ပြီးနောက်မှာ One Direction အဖွဲ့နဲ့အတူ နာမည်ကြီးလာခဲ့သူပါ။ ၂၀၁၅ ခုနှစ်မှာတော့ သူဟာ အနုပညာလှုပ်ရှားမှုတွေကို သီးခြားလုပ်ကိုင်ဖို့အတွက် အဖွဲ့ထဲမှ ခွဲထွက်ခဲ့ပြီး တကိုယ်တော် လှုပ်ရှားမှုတွေနဲ့ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။ ခုထုတ်လွှင့်လိုက်တဲ့ သီချင်းကတော့ သူ့ရဲ့ ဒုတိယမြောက် ထွက်ရှိလာမယ့် အယ်လ်ဘမ်ထဲမှာ ပါဝင်မှာဖြစ်ပြီး အသေးစိတ် အချက်အလက်တွေကို မကြာခင် ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။ ဒီသီချင်းကို ရိုက်ကူးပေးထားတဲ့သူကတော့ ဒါရိုက်တာ မာ့က်ဝက်ဘ်ဖြစ်ပြီး အမေရိကန်သရုပ်ဆောင် မင်းသမီး ဂျေမိုင်မာကာ့ခ်က ပါဝင်သရုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။
4 years Ago
Up