သီချင်း

July 18, 2019

ကြည့်ရှုသူ ၃ သန်းနီးပါးရှိနေသည့် အာဗရီလာဗင်း သီချင်းသစ် - I Fell In Love With The Devil (ရုပ်သံ)

ပန့်ခ်သီချင်းတွေ၊ အော်လ်တာနေးတစ်ဗ် သီချင်းတွေနဲ့ ပရိသတ် လက်ခံအားပေးခဲ့တဲ့ ကနေဒါ အမျိုးသမီးအဆိုတော် အာဗရီလာဗင်းရဲ့ သီချင်းရုပ်သံဟာ ထွက်ရှိလာပြီး ၂ ရက်အတွင်းမှာပဲ ယူကျုပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သန်းနီးပါး ရှိနေပါတယ်။ I Fell In Love With The Devil လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ သူကိုယ်တိုင် ရေးစပ်ထားပြီး ဒါဟာ သူ့ရဲ့ ၆ ချပ်မြောက် တကိုယ်တော်တေးအယ်လ်ဘမ် Head Above Water ထဲက တတိယမြောက် သီချင်းတပုဒ် ဖြစ်ပါတယ်။ အသက် ၃၄ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အဆိုတော်ဟာ ဗက်တီးရီးယားဆိုင်ရာ ကူးစက်ရောဂါတမျိုးဖြစ်တဲ့ လိုင်းမ် (Lyme Disease) ရောဂါ ကူးစက်ခံရတာကြောင့် အနုပညာ လှုပ်ရှားမှုတွေကနေ နှစ်အတန်ကြာ ရပ်နားနေခဲ့ရတာပါ။ ဂေါ့သစ်စတိုင် အကြမ်းစား ရိုက်ချက်လန်းလန်းတွေနဲ့ ခုထွက်ရှိလာတဲ့ I Fell In Love With The Devil သီချင်းကိုတော့ သူက ရောဂါခံစားနေရချိန်မှာ အမှောင်ကမ္ဘာဘက်ခြမ်းက စိတ်အခြေအနေတွေနဲ့ ရေးဖွဲ့ထားခဲ့တာလို့ ဆိုပါတယ်။ ဗြိတိန်ဒါရိုက်တာ အီးလိယော့ထ် လက်စ်တာ ရိုက်ကူးပုံဖော်ပေးထားတဲ့ ဒီသီချင်းရုပ်သံ ဗွီဒီယိုဖိုင်ထဲမှာတော့ သူ့ရဲ့ပုံစံအတိုင်း အမိုက်စားသီဆိုမှုတွေ သရုပ်ဆောင်မှုတွေကို ပရိသတ်တွေ ခံစားကြည့်ရှုကြရမှာပါ။ အာဗရီလာဗင်းဟာ လတ်တလောအချိန်ထိ Let Go (2002)၊ Under My Skin (2004)၊ The Best Damn Thing (2007)၊ Goodbye Lullaby (2011)၊ Avril Lavigne (2013) စတဲ့ တေးအယ်လ်ဘမ်တွေ ထွက်ရှိခဲ့ပြီးဖြစ်ကာ Head Above Water ကတော့ ခုနောက်ဆုံး ၂၀၁၉ ထဲမှာ ထွက်ရှိထားတဲ့ တကိုယ်တော်တေးအယ်လ်ဘမ် ဖြစ်ပါတယ်။ ဒီတေးအယ်လ်ဘမ်နဲ့အတူ အမေရိကန်နဲ့ ကနေဒါနိုင်ငံ မြို့ကြီးတွေမှာ နယ်လှည့် ဖျော်ဖြေပွဲတွေကိုတော့ လာမယ့် စက်တင်ဘာ လလယ်လောက်မှာ စတင်ပြီး လှည့်လည် ဖျော်ဖြေမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
2 years Ago

June 26, 2019

BET ဆုပေးပွဲတွင် ခင်ပွန်းသည်နှင့် အပြိုင်ကြဲ ဖျော်ဖြေခဲ့သည့် နာမည်ကျော် အမျိုးသမီးရက်ပ်ပါ ကာဒီဘီ (ရုပ်သံ)

နာမည်ကြီး အမျိုးသမီးရက်ပ်ပါတဦးဖြစ်တဲ့ ကာဒီဘီဟာ ခင်ပွန်းဖြစ်သူနဲ့အတူ BET ဆုပေးပွဲမှာ သီချင်းသစ်တပုဒ်ကို အတူဖျော်ဖြေသီဆိုခဲ့ပြီး ဒီသီချင်းဟာ ပရိသတ်တွေကြား ရေပန်းစားနေပါတယ်။ ၂၀၀၁ ခုနှစ်ကတည်းက စတင်ပြီး ပေးအပ်ချီးမြှင့်တဲ့ The BET Awards ဟာ ဂီတ၊ သရုပ်ဆောင်၊ အားကစားနဲ့ တခြား ဖျော်ဖြေမှုနယ်ပယ်တွေမှာ ထူးချွန်တဲ့ အာဖရိကန်-အမေရိကန် နွယ်ဖွားတွေနဲ့ တခြားလူနည်းစုတွေကို အခပေးရုပ်သံလိုင်းတခုဖြစ်တဲ့ Black Entertainment Television (BET) ကနေ ရွေးချယ် ပေးအပ်ချီးမြှင့်တာပါ။ အသက် ၂၆ နှစ်အရွယ် ကာဒီဘီဟာ ၂၀၁၉ ခုနှစ်အတွက် BET Award ကို Invasion of Privacy တေးအယ်လ်ဘမ်နဲ့ တနှစ်တာ အကောင်းဆုံး အယ်လ်ဘမ်ဆုအပြင် အကောင်းဆုံး ဟစ်ပ်ဟော့ပ် အမျိုးသမီး တေးသံရှင်အဖြစ် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ BET ဆုပေးပွဲ အဖွင့်မှာတော့ သူ့ရဲ့ နောက်ထွက်လာမယ့် တေးအယ်လ်ဘမ်ထဲက သီချင်းသစ်တပုဒ်ကို ခင်ပွန်းဖြစ်သူ ရက်ပ်ပါအဆိုတော် အော့ဖ်ဆက်ထ်နဲ့ တွဲဖက်ပြီး သီဆိုခဲ့ကြပါတယ်။ သီချင်းစည်းချက်တွေကြား အကအဖွဲ့တွေနဲ့ ခင်ပွန်းဖြစ်သူ အော့ဖ်ဆက်ထ်ရဲ့ ကပြဖျော်ဖြေမှုဟာ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပြီး ကာဒီဘီတို့ညလို့ တင်စားရလောက်အောင် အားပေးခဲ့ကြတယ်လို့ Thesource.com သတင်းက ဆိုပါတယ်။ ‘CLOUT’ AND ‘PRESS’ လို့ အမည်ပေးထားတဲ့ ဒီဖျော်ဖြေမှုမှာ အကအဖွဲ့တွေနဲ့ အတွဲညီညီ သီဆိုသရုပ်ပြခဲ့ကြတဲ့ သူတို့ဇနီးမောင်နှံရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ ယူကျုပေါ်မှာတော့ ၂ ရက်အတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၈ သန်းနီးပါး ရှိနေခဲ့တာပါ။ အခုနှစ်ရဲ့ BET Awards ဆု ရရှိခဲ့သူတွေထဲမှာတော့ အဆိုတော် ဘရူနိုမားစ်၊ ဘီယွန်းစေး၊ သရုပ်ဆောင်တွေထဲက မင်းသား မိုက်ကယ်ဘီဂျော်ဒန်၊ သရုပ်ဆောင် မင်းသမီး ရက်ဂျီနာကင်း၊ တင်းနစ်မယ် ဆရီနာဝီလျံစ် စတဲ့ ထင်ရှားသူတွေလည်း ပါဝင်ပါတယ်။ အခုနှစ်ရဲ့ အကောင်းဆုံး ဟစ်ပ်ဟော့ပ် အမျိုးသမီးတေးသံရှင်ဆုရ ကာဒီဘီကတော့ Invasion of Privacy တေးအယ်လ်ဘမ်နဲ့ပဲ မနှစ်က ဂရမ်မီဆုကို ဆွတ်ခူးရရှိခဲ့ပြီးဖြစ်ကာ တခြား တေးဂီတဆိုင်ရာ ထူးချွန်ဆုတွေဖြစ်တဲ့ Billboard Music Awards၊ American Music Awards နဲ့ MTV Video Music Awards တွေကိုလည်း ဆွတ်ခူးရရှိထားသူ ဖြစ်ပါတယ်။
2 years Ago
More News
Up