သိုးအုပ်စု

A d v e r t i s e m e n t With Us

December 22, 2020

နီဗီရှာပြည်နယ် မြို့တော်ခန်းမရောက် သိုးအုပ်စု လူများကို လိုက်လံတိုးဝှေ့ (ရုပ်သံ)

တူရကီနိုင်ငံအလယ်ပိုင်း နီဗီရှာပြည်နယ်ရဲ့ မြို့တော်ခန်းမထဲကို သိုးအကောင်ပေါက်လေး ၃ ကောင်အပါအဝင် သိုးတွေ၊ ဆိတ်တွေပါဝင်တဲ့ တိရစ္ဆာန်အုပ်တစ်အုပ် ရောက်ရှိလာပြီး လူတွေကို လိုက်ဝှေ့တာကြောင့် အုတ်အော်သောင်းတင်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီခဲ့တဲ့အပတ်က ဖြစ်ခဲ့ပြီး စီစီတီဗီရုပ်သံဖိုင်ထဲမှာလည်း ဒီတိရစ္ဆာန်တွေဟာ အဆောက်အဦဝင်ပေါက်နားမှာ ဝန်ထမ်းတွေကို လိုက်ဝှေ့နေတာ မြင်ရပါတယ်။  ဒါပေမဲ့ ဒီတိရစ္ဆာန်တွေကို မိနစ်ပိုင်းအတွင်းမှာ ထိန်းသိမ်းနိုင်ခဲ့ပြီး ပိုင်ရှင်ဆီကို ပြန်အပ်ခဲ့ပါတယ်။ ဒီတိရစ္ဆာန်တွေဟာ ဂိုရီခရိုင်မှာရှိတဲ့ မွေးမြူရေးခြံတခုကနေ လွတ်လာပြီး မြို့တော်ခန်းမကို ရောက်ရှိလာခဲ့တာလို့ သိရပါတယ်။
2 months Ago
Up