သိသိသာသာ ကျဆင်း

March 2, 2020

တရုတ်တွင် လေထုညစ်ညမ်းမှုအဆင့် သိသိသာသာ ကျဆင်း

အ‌မေရိကန် အမျိုးသားအာကာသသိပ္ပံအေဂျင်စီ နာဆာက ဖြန့်ချိလိုက်တဲ့ ဂြိုဟ်တု ဓာတ်ပုံအသစ်တွေမှာ တရုတ်နိုင်ငံအတွင်း လတ်တလောလတွေမှာ လေထုညစ်ညမ်းမှုအဆင့် သိသိသာသာ ကျဆင်းသွားတာ တွေ့ရပါတယ်။ ဒါဟာ နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့ ပတ်သက်နိုင်တယ်လို့ နာဆာက ပြောပါတယ်။ ကားတွေ၊ စက်မှုလုပ်ငန်းတွေကနေ ထွက်တဲ့ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ ပါဝင်နှုန်းကိုပြတဲ့ ဓာတ်ပုံတွေအရ ဓာတ်ငွေ့ထုတ်လွှတ်မှုဟာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေမှာ သိသိသာသာ ကျဆင်းခဲ့ပါတယ်။ Covid-19 ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ရာ ဒေသလို့ သတ်မှတ်ထားတဲ့ ဝူဟန်မြို့နဲ့ တခြားဒေသတွေကြား အဝင်အထွက် ခရီးသွားလာမှု ကန့်သတ်ဖို့ တရုတ်အာဏာပိုင်တွေက ဇန်နဝါရီ ၂၃ ရက်မှာ ဆုံးဖြတ်ခဲ့တာပါ။ တရုတ်နိုင်ငံအတွင်း တခြားဒေသတွေလိုပဲ ဝူဟန်မြို့မှာ နှစ်သစ်ကူးရာသီအတွင်း စက်ရုံတွေနဲ့ တခြား စီးပွားရေးလုပ်ငန်းတွေ ပိတ်ထားခဲ့လို့ ဓာတ်ငွေ့ထုတ်လွှတ်မှု ကျဆင်းခဲ့ပါတယ်။ လေထုညစ်ညမ်းမှုအဆင့်ဟာ ဝူဟန်မှာ တဖြည်းဖြည်း ကျဆင်းလာပြီး မနှစ်က ဓာတ်ငွေ့ ထုတ်လွှတ်မှုအဆင့်ထိ ပြန်တက်မလာခဲ့ဘူးလို့ နာဆာက အစီရင်ခံထားပါတယ်။
2 years Ago
Up