သိရီလင်္ကာရေတပ်

September 7, 2020

ရေနံတင်သင်္ဘောမီးလောင်မှု ငြှိမ်းသတ်နိုင်ပြီဟု သီရိလင်္ကာရေတပ်ပြော

သီရိလင်္ကာနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းက လောင်စာတင် ဧရာမသင်္ဘောကြီးမှာ လောင် နေတဲ့ မီးကို ငြှိမ်းသတ်နိုင်ခဲ့ပြီလို့ သီရိလင်္ကာရေတပ်ပြောခွင့်ရက စက်တင်ဘာ ၆ ရက်မှာ ပြောပါ တယ်။  မီးပြန်တောက်လာတာ မဖြစ်ရအောင် မီးခိုးတွေ အူနေဆဲ သင်္ဘောကို ကမ်းရိုးတန်းစောင့်တပ်က  ရေနဲ့ ဆက်ဖျန်းပေးနေဆဲပါ။ The New Diamond လောင်စာတင်သင်္ဘောဟာ ရေနံစိမ်း စည်ပေါင်း ၂ သန်းလောက်ကို သယ်လာခဲ့တာဖြစ်ပြီး မီးလောင်ခဲ့ပေမယ့် ရေနံယိုဖိတ်မယ့် တကယ့်ဘေးတော့ မရှိခဲ့ဘူးလို့ ရေတပ် အကြီးတန်းအရာရှိတယောက်က စက်တင်ဘာ ၄ရက်မှာ ပြောပါတယ်။  ဒီသင်္ဘောကို မီးငြှိမ်းဖို့ အိန္ဒိယကမ်းရိုးတန်းစောင့်တပ်က ညစ်ညမ်းမှု ထိန်းချုပ်ရေး သင်္ဘော ကို စက်တင်ဘာ ၆ ရက်က စေလွှတ်ခဲ့ရပါတယ်။  မီးဟာ စက်တင်ဘာ ၃ ရက်မနက်ပိုင်းမှာ အင်ဂျင်ခန်းကနေ စတင် လောင်ကျွမ်းအပြီး ကုန်းပတ်ဆီ ကူးစက်ခဲ့တာပါ။  အိန္ဒိယရေနံကော်ပိုရေးရှင်းပိုင် ရေနံတင်သင်္ဘောဟာ ကူဝိတ်နိုင်ငံ မိနာ အယ်လ်အမာဒီ ဆိပ်ကမ်းကနေ ရေနံစိမ်းတွေ တင်လာခဲ့ပြီး အိန္ဒိယနိုင်ငံ ပါရာဒစ်ပ် ဆိပ်ကမ်းဆီ ဦးတည်ခုတ် မောင်းလာခဲ့တာလို့ ရေးဖိနစ်တစ်ဗ်အိကွန်ဘဏ္ဍာရေး ဈေးကွက်သုတေသနကုမ္ပဏီရဲ့ သတင်း အချက်အလက်တွေအရ သိရပါတယ်။
1 year Ago
Up