သိမ်းဆည်မြေဧက

August 10, 2019

တိုက်ကြီးတွင် သိမ်းဆည်မြေဧက ၉၀၀ ကျော် ပြန်ပေး

ရန်ကုန်တိုင်း၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီးမြို့နယ်တွေအတွင်း တပ်နဲ့ဌာနဆိုင်ရာတွေ သိမ်းဆည်းထားတဲ့ မြေဧက ၉၀၀ ကျော်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ်က တောင်သူတွေထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ တိုက်ကြီးမြို့ ရွှေဂျိုးဖြူခန်မှာ ဩဂုတ် ၁၀ ရက်နေ့ မနက် ၉ နာရီအချိန်က ရန်ကုန်တိုင်း ဝန်ကြီးချပ် ဦးဖြိုးမင်းသိန်းကိုယ်တိုင် တောင်သူတွေကို ပေးအပ်ခဲ့တာပါ။ တိုက်ကြီး၊ မှော်ဘီနဲ့ လှည်းကူးမြို့နယ်အတွင်းက တောင်သူ ၈၂ နှစ်ဦးအတွက် သိမ်းဆည်းမြေဧက ၉၈၂.၅၂ အတွက် ပုံစံ ၃ တွေ ပြန်လည်ပေးအပ်ခဲ့တာပါ။ တိုင်းဒေသကြီးတွေမှာ သိမ်းဆည်းခံလယ်ယာမြေကိစ္စ ရန်ကုန်တိုင်းက တိုင်ကြားစာ  အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ သိမ်းဆည်းမြေတွေ ပြန်လည်စိစစ်ရာမှာ ယခင်အစိုးရလက်ထက်က  အမှုတွဲပေါင်း ၂၅၀၀ လောက် ရှိခဲ့ပြီး တိုင်ကြားစာ ၂၀၀၀ ကျော်ရှိတယ်လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ လက်ရှိမှာတော့ အမှုတွဲ ၅၀၀၀ ကျော်ကို စိစစ်ပြီးခဲ့ပြီး တိုင်း/ခရိုင်အဆင့် တိုင်ကြားစာပေါင်း ၁၁၀၀၀ ကျော် ကျန်သေးတယ်လို့ ဆိုပါတယ်။ တနိုင်ငံလုံးအတိုင်းအတာ သိမ်းဆည်းခံမြေ ဧက ၂၂ သိန်းကျော်ရှိပြီး ခုချိန်မှာ ၇ သိန်းကျော်ကိုသာ စိစစ်နိုင်သေးတယ်လို့ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ ဒုဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြောပါတယ်။ ရန်ကုန်တိုင်းအတွင်း သိမ်ဆည်းမြေတွေကို ဒုတိယအကြိမ် ပြန်လည်းပေးခဲ့တာဖြစ်ပြီး ပထမအကြိမ် တောင်သူ ၄၄ ဦးကို ဧကပေါင်း ၂၅၀ ပေးခဲ့တယ်လို့ ဆိုပါတယ်။ သတင်း-မေသွယ်
Zawgyi Version တိုက္ႀကီးတြင္ သိမ္းဆည္ေျမဧက ၉၀၀ ေက်ာ္ ျပန္ေပး DVB ရန္ကုန္တိုင္း၊ လွည္းကူး၊ ေမွာ္ဘီ၊ တိုက္ႀကီးၿမိဳ႕နယ္ေတြအတြင္း တပ္နဲ႔ဌာနဆိုင္ရာေတြ သိမ္းဆည္းထားတဲ့ ေျမဧက ၉၀၀ ေက်ာ္ကို ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္က ေတာင္သူေတြထံ ျပန္လည္လႊဲေျပာင္းေပးအပ္ခဲ့ပါတယ္။ တိုက္ႀကီးၿမိဳ႕ ေ႐ႊဂ်ိဳးျဖဴခန္မွာ ဩဂုတ္ ၁၀ ရက္ေန႔ မနက္ ၉ နာရီအခ်ိန္က ရန္ကုန္တိုင္း ဝန္ႀကီးခ်ပ္ ဦးၿဖိဳးမင္းသိန္းကိုယ္တိုင္ ေတာင္သူေတြကို ေပးအပ္ခဲ့တာပါ။ တိုက္ႀကီး၊ ေမွာ္ဘီနဲ႔ လွည္းကူးၿမိဳ႕နယ္အတြင္းက ေတာင္သူ ၈၂ ႏွစ္ဦးအတြက္ သိမ္းဆည္းေျမဧက ၉၈၂.၅၂ အတြက္ ပုံစံ ၃ ေတြ ျပန္လည္ေပးအပ္ခဲ့တာပါ။ တိုင္းေဒသႀကီးေတြမွာ သိမ္းဆည္းခံလယ္ယာေျမကိစၥ ရန္ကုန္တိုင္းက တိုင္ၾကားစာ အမ်ားဆုံးျဖစ္တယ္လို႔ သိရပါတယ္။ သိမ္းဆည္းေျမေတြ ျပန္လည္စိစစ္ရာမွာ ယခင္အစိုးရလက္ထက္က အမႈတြဲေပါင္း ၂၅၀၀ ေလာက္ ရွိခဲ့ၿပီး တိုင္ၾကားစာ ၂၀၀၀ ေက်ာ္ရွိတယ္လို႔ ဦးၿဖိဳးမင္းသိန္းက ေျပာပါတယ္။ လက္ရွိမွာေတာ့ အမႈတြဲ ၅၀၀၀ ေက်ာ္ကို စိစစ္ၿပီးခဲ့ၿပီး တိုင္း/ခ႐ိုင္အဆင့္ တိုင္ၾကားစာေပါင္း ၁၁၀၀၀ ေက်ာ္ က်န္ေသးတယ္လို႔ ဆိုပါတယ္။ တႏိုင္ငံလုံးအတိုင္းအတာ သိမ္းဆည္းခံေျမ ဧက ၂၂ သိန္းေက်ာ္ရွိၿပီး ခုခ်ိန္မွာ ၇ သိန္းေက်ာ္ကိုသာ စိစစ္ႏိုင္ေသးတယ္လို႔ လယ္ယာေျမႏွင့္ အျခားေျမမ်ား သိမ္းဆည္းျခင္းခံရမႈမ်ား ျပန္လည္စိစစ္ေရးဗဟိုေကာ္မတီ ဒုဥကၠ႒ ဦးဟန္ထြန္းက ေျပာပါတယ္။ ရန္ကုန္တိုင္းအတြင္း သိမ္ဆည္းေျမေတြကို ဒုတိယအႀကိမ္ ျပန္လည္းေပးခဲ့တာျဖစ္ၿပီး ပထမအႀကိမ္ ေတာင္သူ ၄၄ ဦးကို ဧကေပါင္း ၂၅၀ ေပးခဲ့တယ္လို႔ ဆိုပါတယ္။ သတင္း-ေမသြယ္
2 years Ago
Up