သိမ်းဆည်

May 7, 2020

ပီရူးနိုင်ငံတွင် အမေရိကန်ဒေါ်လာအတု ၁၅ သန်း သိမ်းဆည်းရမိ

ပီရူးနိုင်ငံ လီမာမြို့တော်က အိမ်တအိမ်ကနေ သိမ်းဆည်းရမိတဲ့ အမေရိကန် ဒေါ်လာ ၁၅ သန်းဖိုးရှိ ငွေစက္ကူအတုတွေကို ပီရူးရဲတွေက မေ ၅ ရက်မှာ ခင်းကျင်းပြသခဲ့ပါတယ်။ ပီရူးနိုင်ငံ အတုတိုက်ဖျက်ရေးဌာန ရဲတပ်ဖွဲ့ အကြီးအကဲ ဟိုဆေးခရုဇ်က ရာဇဝတ်သားတွေဟာ ရောဂါခြေချုပ် ကန့်သတ်ချက်တွေကို အခွင့်ကောင်းယူခဲ့တယ်လို့ ပြောပါတယ်။ ရဲတွေဟာ အမေရိကန် ဒေါ်လာ ၁၀၀ တန် ငွေစက္ကူတွေနဲ့အတူ ငွေပုံနှိပ်စက်တခုကိုပါ သိမ်းဆည်းရမိခဲ့တာပါ။ ပီရူးဟာ ဒေါ်လာငွေစက္ကူ အတုလုပ်တဲ့ ကမ္ဘာ့အဓိက နိုင်ငံတွေထဲက တနိုင်ငံလို့ ဒေသန္တရ ရဲတွေက ပြောထားပါတယ်။
12 months Ago
Up