ပါကစ္စတန်နိုင်ငံတောင်ပိုင်းက ကရာချိဆိပ်ကမ်းမြို့ လူနေရပ်ကွက်တခုကို အာဏာပိုင်တွေ က ဝင်ရောက် စီးနင်းအပြီး မျိုးတုံးမယ့်အန္တရာယ်ကို ရင်ဆိုင်နေရတဲ့ မှောင်ခိုကုန်ကူးခံထားရတဲ့ သိမ်းငှက် ၇၄ ကောင်ကို သိမ်းဆည်းခဲ့ပါတယ်။
ဒီငှက်တွေကို အာဖဂန်နစ္စတန်ကနေ မှောင်ခိုသွင်းလာတာဖြစ်ပြီး အာရပ်နိုင်ငံတွေဆီ ပို့ဖို့ စီစဉ်ထားခဲ့တာလို့ အကောက်ခွန်ဌာန အရာရှိ မိုဟာမဒ် ဆာကစ်ဖ်ှက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ပါကစ္စတန်အကောက်ခွန်ဌာန မှောင်ခိုတိုက်ဖျက်ရေးအဖွဲ့ဟာ အောက်တိုဘာ ၁၄ နဲ့ ၁၅ရက် ညတွေမှာ လုပ်တဲ့ ရှာဖွေစီးနင်းမှုဆိုင်ရာ စစ်ဆင်ရေး ၂ ရပ်ကို အောင်အောင်မြင်မြင် ဆောင်ရွက် နိုင်ခဲ့ပြီး ငှက်တွေ အများအပြား ပြန်ရခဲ့တယ်လို့ ဆိုပါတယ်။
သိမ်းငှက် ၇၄ ကောင်ရဲ့ ခန့်မှန်း ကာလတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်းတန်တယ်လို့လည်း သူက ဆက်ပြောခဲ့ပါတယ်။
ဒီသိမ်းငှက်တွေကို မျိုးတုံးတော့မယ့် မျိုးစိတ်များ တရားမဝင် ကုန်ကူးမှု တိုက်ဖျက်ရေး နိုင်ငံတကာ သဘောတူညီချက်အောက်မှာ စာရင်းဝင်တဲ့ မျိုးစိတ်လို့လည်း အကောက်ခွန်ဌာနက ထုတ်ပြန်တဲ့ကြေညာချက်က ဆိုပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး တရားဥပဒေအရ စီရင်မှုပြီးစီးရင် ဒီငှက်တွေကို သဘာဝ စားကျက်မြေမှာ ပြန်လွှတ်ပေးဖို့ အကောက်ခွန် အရာရှိတွေက စီစဉ်ထားပါတယ်။
2 years Ago