သိမ်ဇရပ်မြို့

October 16, 2021

သိမ်ဇရပ်မြို့က စစ်ကောင်စီ သတင်းပေး ၁ ဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့က စစ်ကောင်စီ သတင်းပေးအဖြစ် နာမည်ကြီးတဲ့ ကိုရဲဝင်းဟာ အောက်တိုဘာ ၁၅ ရက် ညနေပိုင်းမှာ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက  ပြောပါတယ်။

ကိုရဲဝင်းဟာ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဦးခေါင်းနောက်စေ့ကျည်ထိဒဏ်ရာရပြီး အခင်းဖြစ်နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ သတင်းပေးဖြစ်သူ ကိုရဲဝင်းကို ကျိုက်ထိုတော်လှန်ရေးအင်အားစုရဲ့ သိမ်ဇရပ် Local PDF က သုတ်သင်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ အတည်ပြု ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လက်ပါးစေတွေ၊ သတင်းပေးဒလန်တွေနဲ့ စစ်ကောင်စီ ထောက်တိုင်တွေကို ဆက်လက် တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစုက ဆိုပါတယ်။

သိမ်ဇရပ်မြို့မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီ သတင်းပေး ၇ ဦးထက်မနည်း ပစ်သတ်ခံထားရပါတယ်။

3 months Ago

October 2, 2021

သိမ်ဇရပ်မြို့မှ စစ်ကောင်စီ သတင်းပေး ရာအိမ်မှူး နေအိမ် ဗုံးပစ်ခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ သုံးခွကျေးရွာ ရာအိမ်မှူး ဦးခင်ဇော်လတ် နေအိမ် အောက်တိုဘာ ၁ ရက်နေ့ ည  ၈ နာရီအချိန်ခန့်က ဗုံးပစ်ခံခဲ့ရတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။

ရာအိမ်မှူး ဦးခင်ဇော်လတ် နေအိမ်ကို အမည်မသိ ဆိုင်ကယ်သမား ၂ ဦးက ဗုံးသွင်းခဲ့တာ ဖြစ်ပြီး၊ လူထိခိုက်ဒဏ်ရာ မရှိပေမဲ့ နေအိမ် ထိခိုက်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။

ရာအိမ်မှူး နေအိမ်ကို ဗုံးခွဲတာ သူတို့ လက်ချက်ဖြစ်တယ်လို့ သိမ်ဇရပ်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ရာအိမ်မှူး ဦးခင်ဇော်လတ်ဟာ စစ်ကောင်စီ သတင်းပေး ဒလန်လုပ်နေတဲ့အတွက်ကြောင့် သတိပေးတဲ့အနေနဲ့ နေအိမ်ကို ဗုံးခွဲခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ရာအိမ်မှူး ဦးခင်ဇော်လတ်အနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး အရင်အတိုင်း ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင်  အသက်အန္တရာယ်အတွက် အာမခံဘူးလို့ သိမ်ဇရပ် PDF က ထုတ်ပြန်ထားပါတယ်။

ကျိုက်ထိုမြို့နယ်မှတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီ သတင်း ဒလန် ၁၀ ဦးထက်မနည်း ပစ်သတ်ခံထားရပါတယ်။

4 months Ago
More News
Up