သိမ်းပိုက်

April 30, 2017

ဝုဖ်စ်ဘတ်ကို ၆ ဂိုးပြတ်အနိုင်ယူပြီး ဘိုင်ယန်က ဂျာမန်ဘွန်ဒစ်လီဂါဖလား သိမ်းပိုက် (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်ကစားတဲ့ ဂျာမန်ဘွန်ဒစ်လီဂါ ပွဲစဉ်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းက အဝေးကွင်းမှာ ၀ုဖ်စ်ဘတ်ကို ၆ ဂိုးပြတ်အနိုင်ရရှိသွားပြီး ချန်ပီယံဖြစ်သွားပါတယ်။ ဘိုင်ယန်အသင်းဟာ အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရတာ ဖြစ်ပေမယ့် ဘောလုံးပိုင်ဆိုင်မှုအသားစီးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်အသင်းအတွက် အနိုင်ဂိုးတွေကိုတော့ လီဝန်ဒေါ့စကီးက ၂ ဂိုးနဲ့ ဒေးဗစ်အယ်လ်ဘာ၊ ရော်ဘင်၊ မူလာ၊ ကင်မစ်ခ်ျတို့က ၁ ဂိုးစီ အသီးသီးသွင်းယူခဲ့ကြတာ ဖြစ်ပါတတယ်။ ဘိုင်ယန်မြူးနစ်ဟာ ဂျာမန်ဘွန်ဒစ်လီဂါ အမှတ်ပေးဖလား ပွဲစဉ်တွေမပြီးဆုံးသေးပေမယ့် ဒုတိယနေရာက လိုင်ဇစ်ကို ၁၀ မှတ်အသာနဲ့ ချန်ပီယံဖလား ရရှိသွားပြီ ဖြစ်ပါတယ်။
4 years Ago
Up