သိမ်းဆည်းမြေယာအတွက် တောင်သူများကို လျော်ကြေး ကျပ်သန်း ၁၇၀၀ ကျော်ပေးအပ်

February 18, 2019

သိမ်းဆည်းမြေယာအတွက် တောင်သူများကို လျော်ကြေး ကျပ်သန်း ၁၇၀၀ ကျော်ပေးအပ်

မင်းဘူးမြို့နယ်အတွင်း မီးရထားလမ်း​ဖောက်​လုပ်​စဉ်​က ​မြေယာ သိမ်းဆည်းခံခဲ့ရတဲ့ တောင်​သူတွေကို ​လျော်​​ကြေး​ငွေ ကျပ်​သန်း​ ၁၇၀၀ေ​ကျာ်​​ ပေးအပ်​လိုက်ပါတယ်။ မ​ကွေးတိုင်း​ဒေသကြီး မင်းဘူးမြို့ အ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးစီးဌာန ခန်းမမှာ ဒီနေ့မနက်ပိုင်းက ​ပေးအပ်​ခဲ့တာပါ။ မင်းဘူးစကု မြို့နယ်​အုပ်​ချုပ်​​ရေးမှူး ဦးသိန်း​ဇော်​ကံက "ကြံခင်း-ပခုက္ကူ ရထားလမ်း ​ပေါ်ရှိ ​ကျေးရွာအုပ်​စု ၁၂ ခုနဲ့ မင်းဘူး-အမ်းမီးရထားလမ်းပိုင်းက ​ကျေးရွာအုပ်​ ၂ ခုက ​တောင်​သူ​တွေကို ပထမဆုံး အကြိမ်​ ​လျော်​​ကြေး​ပေးအပ်​တာပါ။ မြေယာအရှုပ်​ရှင်းကင်းပြီး အမှန်​တကယ်​ရသင့်တဲ့သူ​တွေကို ​သေချာစိစစ်​​ပေး​လျော်​ခဲ့တာပါ။ ​မြေယာအရှုပ်​ရှင်းဖြစ်​​နေတဲ့ ​ကျေးရွာအုပ်​စု နှစ်​ခုကို လည်း​နောက်​နှစ် ဘတ်​ဂျက်​​တွေမှာ ​လျော်​​ကြေး​ပေးနိုင်​ဖို့ ​ဆောင်​ရွက်​​နေတယ်​" လို့ ပြောပါတယ်​။ ​မင်းဘူးစကုမြို့နယ်​ ​ချောင်​​ကောက်​​ကျေးရွာက ​တောင်​သူ ဦးထွန်း​အေးက မီးရထား လမ်း စ​ဖောက်​ကတည်းက ​မြေယာ​တွေသိမ်းဆည်းခံရတာလို့ ပြောပါတယ်။ ​ “လျော်​​ကြေး​ငွေ မရရှိခဲ့ ပါဘူး၊ စတင်​အသိမ်းခံခဲ့ရစဉ်​က ​လျော်​​ကြေး​ငွေရလိမ့်​မယ်​လို့ မ​မျှော်​လင့်ခဲ့ပါဘူး။ မျှော်​လင့်မထားဘဲနဲ့ ​လျော်​​ကြေး​ငွေ​တွေ ရရှိလာ​တော့ ​ဒေသခံ​တောင်​သူ​တွေ အထူးဝမ်း​မြောက်နေကြ ပြီး အဆင့်ဆင့်ကူညီ​ဆောင်​ရွက်​​ပေးတဲ့ပုဂ္ဂိုလ်​​တွေနဲ့ နိုင်​ငံ​တော်​အစိုးရကို ​ကျေးဇူးတင်​​တယ်”​ လို့ ဆိုပါတယ်​။ ပခုက္ကူ-ကြံခင်း မီရထားလမ်းကို ၂၀၀၆ ခုနှစ်​က စတင်​​ဖောက်​လုပ်​ရာမှာ ​တောင်​သူ​တွေရဲ့ ​မြေယာ​တွေကို သိမ်းဆည်းခဲ့တာဖြစ်ပြီး​ မြေယာ​လျော်​​ကြေးကို ၂၀၁၅ ခုနှစ်​က စတင်​​ပေး​လျော်​ခဲ့တာဖြစ်​ပြီး အခုအကြိမ်​နဲ့ဆိုရင်​ ၁၄ ကြိမ်​​ ရှိပြီလို့  မြန်​မာ့မီးရထား၊ တိုင်း (၁၀) မှ အင်​ဂျင်​နီယာမှူး ဦးမင်းသိမ်းစိုးက ပြောပါတယ်။ မီးရထားလမ်းဖြတ်​သန်း​ဖောက်​လုပ်​ရမှာ သိမ်းဆည်းခံခဲ့ရတဲ့ ​မြေဧက ၃၂၀၀ ​ကျော်​အတွက်​ ကျပ်​သန်း​ပေါင်း ၆၇၀၀ ​ကျော်​​ပေး​လျော်​ရမှာဖြစ်​ပြီး၊ ကျပ်​သန်း​ပေါင်း ၅၆၀၀ ​ကျော်​​ ပေး​လျော်​ပြီးဖြစ်​တယ်​လို့ မြန်​မာ့မီးရထားဌာနမှ သိရပါတယ်​။ အဆိုပါ ​မြေယာ​လျော်​​ကြေး​ပေးအပ်​ပွဲအခမ်းအနားကို မ​ကွေးတိုင်း​ဒေသကြီးဝန်​ကြီးချုပ်​ ​ဒေါက်​တာ​အောင်​မိုးညိုနဲ့ အစိုးရအဖွဲ့ ဝန်​ကြီးတွေ၊ မြန်​မာ့မီးရထားဌာနက တာဝန်​ရှိသူ​တွေနဲ့ ဌာနဆိုင်​ရာဝန်​ထမ်း​တွေ ​ဒေသခံ​တောင်​သူ​တွေ တက်​​ရောက်​ခဲ့ကြတာပါ။ သတင်း-မင်းထီး
2 years Ago
Up