သိမ်းဆည်းလယ်ယာမြေ ဧက ၃၀၀ နီးပါး ကာကွယ်ရေးဝန်ကြီးဌာနစွန့်လွှတ်

May 16, 2018

သိမ်းဆည်းလယ်ယာမြေ ဧက ၃၀၀ နီးပါး ကာကွယ်ရေးဝန်ကြီးဌာနစွန့်လွှတ်

  မန္တလေးတိုင်းဒေသကြီး၊ မြစ်​သားမြို့နယ်၊ ​သရက်​ပင်​-ကံဆွယ်​ဒေသရှိ သိမ်းဆည်း လယ်ယာမြေ ဧက ၃၀၀ နီးပါးကို ကာကွယ်​​ရေးဝန်​ကြီးဌာနက ပြန်လည်စွန့်လွှတ်​ခဲ့တယ်လို့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောပါတယ်။ မြစ်သားမြို့မှာ မေ ၁၅ ရက်ကပြုလုပ်​တဲ့ ကာကွယ်ရေးဝန်ကြီးဌာန အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမှတ် (၁) ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံ (မိုင်းမော)က ပြန်လည်စွန့်လွှတ်မယ့် ကံဆွယ်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၄/၅၅၂-c)၊ မိုင်းမောကွင်းရှိ မြေဧရိယာ ၂၁၈.၉၀ ဧကကို တောင်သူ​တွေထံ ယာယီလယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ ၃) လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားမှာ ဦးဟင်နရီဗန်ထီးယူက ​ပြောကြားခဲ့တာပါ။ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ သိမ်းဆည်းမြေပြန်လည်ပေးအပ်ပွဲ ၅ ကြိမ် ကျင်းပ နိုင်ခဲ့ပြီး တောင်သူ ၆၅၀ ဦးထံသို့ လယ်ယာမြေ ၂၁၅၆ ဧကကို​ တောင်​သူ​တွေထံပေးပြီး ဖြစ်တယ်လို့ ဒုသမ္မတက ဆက်​လက်​​ပြောပါတယ်​။ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က “သိမ်းဆည်းမြေကိစ္စတွေကို မှန်မှန်ကန်ကန် တိုင်ကြားနိုင်ပြီး တိုင်ကြားစာတွေကို မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် တိကျစွာ ဆောင်ရွက်ပေးသွားမှာဖြစ်​တယ်​”လို့ ​ လယ်ယာမြေပြန်လည်ပေးအပ်​ပွဲမှာ​ ပြောဆိုခဲ့ပါတယ်​။ ယာယီလုပ်ကိုင်ခွင့်ရရှိခဲ့တဲ့ သရက်ပင်-ကံဆွယ်ကျေးရွာမှ ဦးအောင်မင်း​က“အခုလို တပ်​မ​တော်​က သိမ်းဆည်း​မြေ​တွေကို ပြန်လည်စွန့်လွှတ်တဲ့အတွက် တောင်သူများကိုယ်စား အများကြီးကျေးဇူးတင်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်​ အုန္နဲဘုတ်ကျေးရွာသား ဦးခင်မောင်ထွန်းက “ဒီ​လယ်​ယာ​မြေ​တွေ၊ မြေယာပေးအပ်မှုနဲ့ ပတ်သက်ပြီး မိမိတို့ ဒေသခံ ၁၆ ဦးက လက်မှတ်ရေးထိုး ကန့်ကွက်ခဲ့​ပေမယ့် အခုအချိန်​ထိ ဘာမှထူးခြားမှု ရှိမလာဘူး။ ဒီ​နေ့​​တောင်​သူ​တွေကို စွန့်​လွှတ်​​မြေ ပြန်​လည်​​ပေးတဲ့ပွဲကို ကန့်​ကွက်​တယ်​”လို့ ပြောဆိုကန့်​ကွက်​ခဲ့ပါတယ်​။ အခုလိုလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို မြစ်သားမြို့ လုပ်အားကြေးမုံခန်းမမှာ ပြုလုပ်ခဲ့ပြီး တိုင်း​ဒေသကြီးအစိုးရ၊ ပြည်​​ထောင်​စုဝန်ကြီး၊ လုံခြုံ​ရေးနဲ့ နယ်​စပ်​​ရေးရာဝန်​ကြီးတို့ တက်​​ရောက်​ခဲ့ကြပြီး ​တောင်​သူ ၁၅၀​ ကျော် တက်​ရောက်​ခဲ့ကြပါတယ်​။
3 years Ago
Up