သိမ်းငှက်အကောင် ၈၀ ကို လေယာဉ်ဖြင့် ခေါ်ဆောင်ခဲ့သည့် ဆော်ဒီမင်းသား

February 5, 2017

သိမ်းငှက်အကောင် ၈၀ ကို လေယာဉ်ဖြင့် ခေါ်ဆောင်ခဲ့သည့် ဆော်ဒီမင်းသား

ဆော်ဒီမင်းသားဟာ သိမ်းငှက် အကောင် ၈၀ အတွက် လေယာဉ်လက်မှတ်ဝယ်ပြီး သိမ်းငှက်တွေကို လေယာဉ်နဲ့ သယ်ဆောင်သွားတဲ့ပုံကို သူ့ရဲ့ ရက်ဒစ် posted the image on Reddit လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဇန်နဝါရီလ ၃၁ ရက်နေ့က တင်ခဲ့ပါတယ်။ အဲ့ဒီပုံနဲ့အတူ “လေယာဉ်ဝန်ထမ်း တစ်ဦးဖြစ်တဲ့ ကျနော့်ရဲ့ သူငယ်ချင်းက ဒီဓာတ်ပုံကို ပို့လိုက်တာပါ၊ ဆော်ဒီမင်းသားမှ သူ့ရဲ့ သိမ်းငှက် အကောင် ၈၀ အတွက် လေယာဉ်လတ်မှတ်ဝယ်” စတာတွေ ရေးထားတဲ့ စာကိုလည်း ပုံရဲ့အထက်မှာ ရေးသားထားပါတယ်။ အရှေ့အလယ်ပိုင်း လေကြောင်းလိုင်းတွေမှာ နိုင်ငံကူးလတ်မှတ် (ပတ်စပို့) ရှိတဲ့ ငှက်တွေကို လေယာဉ်စီးခွင့် ပြုထားပြီး အများစုကတော့ ငှက်ပိုင်ရှင်တွေရဲ့ လက်ပေါ်မှာ နားပြီး လေယာဉ် စီးကြတယ်လို့ စီအန်အန်ရဲ့ ဖေဖေါ်ဝါရီလ ၂ ရက်နေ့ သတင်းမှာ ဖော်ပြထားပါတယ်။ အရှေ့အလယ်ပိုင်းမှာတော့ သိမ်းငှက်တွေဟာ သိပ်ကို အရေးပါတဲ့ သင်္ကေတ အဆင့်အတန်းပါ။ အချို့သိမ်းငှက်ပိုင်ရှင်တွေအတွက် သူတို့တွေ လေယာဉ် အထူးတန်းနဲ့ပဲ ခရီးသွားသွား၊ ဈေးသက်သာတဲ့လေယာဉ်နဲ့ပဲ ခရီးသွားသွား သူတို့ရဲ့ငှက်တွေ လှောင်အိမ်မပါပဲ သူတို့နဲ့အတူ လေယာဉ်စီးဖို့ကလည်း လုပ်ရိုးလုပ်စဉ် အစဉ်အလာတခုလို ဖြစ်လာတာပါ။ လေယာဉ် ခရီးသည်တင်နေရာမှာ ချစ်စရာငှက်တွေနဲ့ ပြည့်နေတဲ့ဓာတ်ပုံဟာ ဒီတစ်ပတ်ထဲမှာ လူမှုကွန်ရက် စာမျက်နှာထက် ပျံ့နှံ့ထင်ရှားနေပါတယ်။ သိမ်းငှက်တွေက ဆော်ဒီအာရေးဗီယားရဲ့ ဂျက်ဒက်ဆိပ်ကမ်းမြို့ကို သွားဖို့ လေယာဉ် စီးနေကြတာပါ။ ပြီးတော့ ဒီဓာတ်ပုံကလည်း လေယာဉ်မောင်းအနေနဲ့ အလုပ်လုပ်တဲ့ သူ့ရဲ့ သူငယ်ချင်းက ရိုက်ပေးတာပါလို့ ရက်ဒစ်ဆိုတဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဒီပုံကို တင်ထားတဲ့ အမက်ရာဆာက စီအန်အန်ကို ပြောပါတယ်။ အဲ့ဒီ လေကြောင်းလိုင်းတွေမှာ သိမ်းငှက်တွေနဲ့ လေယာဉ်စီးရတာက သိပ်မထူးဆန်းပါဘူး။ ဒါပေမယ့် ဒီလို တစ်ကြိမ်မှာ သိမ်းငှက် ၆ ကောင်သာ လေယာဉ် စီးခွင့်ပြုတဲ့ ခရီးသည်တင် လေယာဉ်မှာ သိမ်းငှက်တွေအများကြီး တစ်ကြိမ်တည်းမှာ လေယာဉ်စီးနေတာကသာ အလွန့်အလွန်ကို ထူးဆန်းနေတာပါ။ အရှေ့အလယ်ပိုင်းဒေသမှာတော့ သိမ်းငှက်တွေကို သတ္တိ၊ ဆုံးဖြတ်ချက်ခိုင်မာမှုနဲ့ လွတ်လပ်မှု သင်္ကေတတွေအဖြစ် သတ်မှတ်ထားပါတယ်။ လွန်ခဲ့တဲ့ရာစုနှစ်ပေါင်း များစွာကို ပြန်ကြည့်မယ်ဆိုရင် သိမ်းငှက်တွေနဲ့ အမဲလိုက်ခြင်း ဆိုတဲ့ အားကစား၊ သိမ်းငှက်ဖြင့် လေ့ကျင့်ပေးတဲ့ အတတ်ဆိုတာ ရှိခဲ့ပါတယ်။ အဲ့ဒီကစားနည်းဟာ အရှေ့အလယ်ပိုင်းရဲ့ အရေးကြီးတဲ့ သိသာထင်ရှားတဲ့ ယဉ်ကျေးမှုတစ်ခု ဖြစ်လာပြီး ယူနက်စကို လူသားမျိုးနွယ်စာရင်းရဲ့ လက်ဆုပ်လက်ကိုင် မပြနိုင်သော အမွေအနှစ်စာရင်းထဲမှာ ပါဝင်လာခဲ့ပါတယ်။ ရှေးရိုးရာအရ ဒီငှက်တွေကို အစာအဖြစ် အသုံးပြုခဲ့ကြပေမယ့် ဒီကနေ့မှာတော့ ဒီငှက်တွေကို အိမ်မွေးတိရစ္ဆာန်အဖြစ်နဲ့ မွေးမြူလာကြတာပါ။ ၂၀၀၂ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်အတွင်း UAE အစိုးရမှ သိမ်းငှက် အကောင်ပေါင်း ၂ သောင်း ၈ ထောင်ကျော်အတွက် နိုင်ငံကူးလက်မှတ် လုပ်ပေးခဲ့ပါတယ်။ ဒီနိုင်ငံကူးလက်မှတ်ဟာ ၃ နှစ် သက်တမ်းခံပြီး အမေရိကန်ဒေါ်လာ ၁၃၀ ကုန်ကျတယ်လို့လည်း သိရပါတယ်။
4 years Ago
Up