သိန္နီပြည်သူ့ဆေးရုံ

March 14, 2021

သိန္နီပြည်သူ့ဆေးရုံက CDM ဝန်ထမ်းများ ဝန်ထမ်းအိမ်ရာမှ ဖယ်ရှားပေး

CDM ဆက်လက်ပါဝင်ကြမှာ ဖြစ်တဲ့အတွက် သိန္နီပြည်သူ့ဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေဟာ ဒီကနေ့ပဲ ဝန်ထမ်းအိမ်ရာကနေ ထွက်ပေးလိုက်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့ပြည်သူ့ဆေးရုံးက CDM မှာ ပါဝင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို မတ် ၁၄ ရက်နေ့ နောက်ဆုံးထားပြီး ဝန်ထမ်းအိမ်ရာကနေ ဖယ်ရှားပေးရမယ်လို့ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

သိန္နီပြည်သူ့ဆေးရုံမှာ ဆေးရုံအုပ်ဆရာဝန်ကြီးက လွဲရင် ကျန်တဲ့ ကျန်းမာရေးဝန်းထမ်း ၃၅ ဦးဟာ CDM မှာ ပူးပေါင်းပါဝင်ထားပါတယ်။

9 months Ago
Up