သားရိုင်းတိရစ္ဆာန်များ၏ ကြောက်မက်ဖွယ် ပြန်တိုက်ခိုက်ခံရသည့် သားကောင်တဖြစ်လဲ မုဆိုးများ

February 8, 2017

သားရိုင်းတိရစ္ဆာန်များ၏ ကြောက်မက်ဖွယ် ပြန်တိုက်ခိုက်ခံရသည့် သားကောင်တဖြစ်လဲ မုဆိုးများ (ရုပ်သံ)

လူသားတွေဟာ မုဆိုးတွေအဖြစ် သားရိုင်းတိရစ္ဆာန်တွေကို ရှေးအရင်ကာလတွေတည်းက တိုက်ခိုက်သတ်ဖြတ်ခဲ့ကြတာဖြစ်ပြီး သားကောင်တွေက ပြန်လည်တိုက်ခိုက်ခံရချိန်မှာ ဘယ်လိုရင်ဆိုင်ကြသလဲ ဆိုတာက တကယ့်ကို စိတ်ဝင်စားစရာပါပဲ။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သားကောင်တွေက ပြန်လည်တိုက်ခိုက်ခဲ့ချိန်မှာ လူသားမုဆိုးတွေဟာ ဘယ်လိုရင်ဆိုင် တုံ့ပြန်ခဲ့ကြတယ် ဆိုတာတွေကို တွေ့ကြရမှာဖြစ်ပြီး တောကြောင်၊ ကျွဲ၊ ခြင်္သေ့၊ ငါးမန်း၊ ဝက်ဝံ၊ သမင်၊ တောဝက်၊ ကျားသစ် စတဲ့ သားရိုင်းတိရစ္ဆာန်တွေဟာ မုဆိုးတွေကို တုံ့ပြန်တိုက်ခိုက်ခဲ့ကြပုံတွေ စုစည်းဖော်ပြထားတာပါ။ ကြီးမားသန်စွမ်းတဲ့ သားရိုင်းတိရစ္ဆာန်တွေက တိုက်ခိုက်တာဟာ မထူးခြားလှပေမယ့် တချို့တိရစ္ဆာန်တွေရဲ့ တုံ့ပြန်မှုကတော့ ထူးခြားပါတယ်။ အမြီးဖြူသမင်မျိုးလို့ ခေါ်ရမယ့် သမင်တကောင်ရဲ့ တိုက်ခိုက်မှုကတော့ သူ့ရဲ့ဦးချိုကို အသုံးပြုတာမျိုး မဟုတ်ပါဘူး။ လက်နက်ကိုင်ထားတဲ့ မုဆိုးကို သူ့ရဲ့ ရှေ့ခြေ ၂ ဘက် အသုံးပြုပြီး ပုတ်ခတ်တိုက်ခိုက်တာမျိုးပါ။ မုဆိုးဟာ သမင်ရဲ့ ရုတ်တရက်တိုက်ခိုက်ခံရချိန်မှာ လက်ထဲကသေနတ် လွတ်ကျသွားခဲ့ပြီး မြေပြင်ပေါ်ကို လဲကျသွားခဲ့သလို သမင်ရဲ့ တိုက်ခိုက်မှုမှာ အလူးအလဲ အငိုက်မိခဲ့တာကို တွေ့ရမှာပါ။ ကျားသစ်ရဲ့ တုံ့ပြန်တိုက်ခိုက်မှုကတော့ ကလဲ့စားချေ တိုက်ခိုက်မှုမျိုးပါပဲ။ သူဟာ တောတွင်းတနေရာမှာ မုဆိုးတွေရဲ့ ဝိုင်းရံခံနေရချိန် ငုပ်လျှိုးနေခဲ့ပြီး သူ့ဆီ သေနတ်နဲ့ ခြောက်လှန့်ပစ်ခတ်ခဲ့ချိန်မှာ ရုတ်တရက်ထွက်လာခဲ့ပြီး သေနတ်သမားတဦးကို ကိုက်ဖြတ်တိုက်ခိုက်ခဲ့တာ တွေ့ရပါတယ်။ တခြား သားရိုင်းတိရစ္ဆာန်တွေရဲ့ တုံ့ပြန်တိုက်ခိုက်မှု အပြည့်အစုံကိုတော့ ယူကျု အင်တာနက်စာမျက်နှာမှာ စုစည်းတင်ဆက်ထားတဲ့ ရုပ်သံဖိုင်မှာ ကြည့်ရှုနိုင်ပါတယ်။
4 years Ago
Up