သားဖြစ်သူကို သေနတ်ဖြင့်ပစ်ချိန်တွင် အကာအကွယ်ပေးသည့်မိခင် ကျည်ဆန်ထိမှန် သေဆုံး

December 28, 2016

သားဖြစ်သူကို သေနတ်ဖြင့်ပစ်ချိန်တွင် အကာအကွယ်ပေးသည့်မိခင် ကျည်ဆန်ထိမှန် သေဆုံး

ထိုင်းနိုင်ငံမှ အမျိုးသမီးတဦးဟာ သူ့ရဲ့သားဖြစ်သူကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံချိန်မှာ အကာအကွယ်ပေးရင်း သေနတ်ကျည်ထိမှန်ကာ သေဆုံးခဲ့ပါတယ်။ သူဟာ သားဖြစ်သူရဲ့ရှေ့ကို ခုန်ထွက် အကာအကွယ်ပေးလိုက်ချိန်မှာ သေနတ်ကျည်ဆံထိမှန်ကာ သေဆုံးသွားခဲ့ရပြီး သေနတ်သမားကတော့ ထွက်ပြေးသွားခဲ့တယ်လို့ ထိုင်းအခြေစိုက် ဒေးလီးနယူးစ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ ဒီဇင်ဘာ ၂၆ ရက် ညပိုင်းက ဖန်ဖင်းခရိုင်၊ ဘန်ငွန်ဒေသတွင်းက နေအိမ်မှာ ဖြစ်ခဲ့ပြီး သေဆုံးသူ အသက် ၅၈ နှစ်အရွယ် မိခင် ပရာနီ မာဖာဟာ ခင်ပွန်းဖြစ်သူ မန်နီ ဘန်ရော့တ်၊ သားဖြစ်သူ ဆွန်ကီယက်တ် ဘန်ရော့တ်တို့နဲ့အတူ နေအိမ်ဘေးမှာ ရှိနေခဲ့တာပါ။ အဲဒီအချိန်မှာ တိုယိုတာ ပစ်ကပ်ကားတစီး ရောက်လာခဲ့ပြီး သေနတ်ကိုဆွဲထုတ်ကာ သားဖြစ်သူကို ချိန်ပစ်ဖို့ ကြိုးစားခဲ့တာကို မိခင်ဖြစ်သူက တွေ့လိုက်တာပါ။ သူဟာ ရုတ်တရက်ပဲ သားဖြစ်သူရှေ့က ကာကွယ်လိုက်ချိန်မှာ သေနတ်ကျည်ဆန်ထိမှန်ကာ နေရာတင် သေဆုံးခဲ့ရတာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ လက်ရှိမှာတော့ ထွက်ပြေးသွားတဲ့ သေနတ်သမားကို ရဲတွေက စုံစမ်းရှာဖွေနေပြီး သားဖြစ်သူကိုလည်း သူ့ကို သတ်ချင်ရလောက်အောင် ဖြစ်နေတဲ့ ရန်ငြိုးရန်စရှိမရှိကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up