သားအဖ ၂ ဦး

A d v e r t i s e m e n t With Us

May 1, 2020

သံဖြူဇရပ်မြို့တွင် ငါးပူတင်စားသည့် သားအဖ ၂ ဦး အစာအဆိပ်သင့် သေဆုံး

မွန်ပြည်နယ် သံဖြူဇရပ်မြို့မှာ ငါးပူတင်အား ချက်ပြုတ်စားသောက်ရာမှ အစာအဆိပ်သင့်ပြီး သားအဖ နှစ်ဦး သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပါတယ်။ သံဖြူဇရပ်မြို့၊ ဖောင်စိန်ရပ်ကွက်မျာ ဧပြီလ ၃၀ ရက်နေ့ မနက် ၁၀ နာရီခွဲလောက် အမျိုးသား ၂ ဦး အစာအဆိပ်သင့်ပြီး သေဆုံးသွားကြောင်း သတင်းအရ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ ဦးမောင်ဒင် (၉၀) နှစ်နဲ့ သားဖြစ်သူ ဦးသောင်းဖေ (၅၀) နှစ်တို့ ၂ ဦးအား ပြင်ပဒဏ်ရာမရှိဘဲ ယာနားသွေးထွက်၊ နောက်ကျောမှာ သွေးထိုင်ကွက်တွေနဲ့ သေဆုံးနေတာ တွေ့ရှိရပြီး သူတို့ ၂ ဦးဟာ ပင်လယ်အတွင်းမှရရှိတဲ့ ငါးပူတင်းအား ချက်ပြုတ်စားသောက်ရာမှ အစာအဆိပ်သင့်ကာ သေဆုံးခြင်းဖြစ်ကြောင်း သိရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သားအဖနှစ်ဦး သေဆုံးမှုကို သံဖြူဇရပ်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၆-၇/၂၀၂၀) နဲ့ စစ်ဆေးနေတယ်လို့ သိရပါတယ်။
10 months Ago
Up