သားအဖနှစ်ဦး ရေကူးနေစဉ် ငါးမန်းလိုက်ခံရသည့်ရုပ်သံ ရေပန်းစား

March 6, 2016

သားအဖနှစ်ဦး ရေကူးနေစဉ် ငါးမန်းလိုက်ခံရသည့်ရုပ်သံ ရေပန်းစား

နယူးဇီလန်နိုင်ငံကမ်းရိုးတန်းတခုမှာ သားအဖနှစ်ဦးဟာ ရေကူးနေစဉ် ငါးမန်း တကောင်လိုက်ခံခဲ့ရတယ်လို့ ဟပ်ဖင်တန်ပို့စ်သတင်းမှာ မတ်လ ၅ ရက်နေ့က ဖော်ပြပါ တယ်။ မိုက်ကယ်လ်ဟိုးမားအမည်ရ အမျိုးသားဟာ သမီးငယ် ဂျီနာနဲ့အတူ နယူးဇီလန် နိုင်ငံ မြောက်ပိုင်းကျွန်းစု ပါပါမိုအာကမ်းခြေမှာ ကင်မရာရဲ့ ရေထဲမှာ ရိုက်ကူးနိုင်မယ့် Gopro Action ကို စမ်းသပ်ဖို့ ရေကူးနေကြတုန်းမှာ ငါးမန်းတကောင်လိုက်ခံခဲ့ရတာပါ။ ရုပ်သံကင်မရာမှာ ဖမ်းယူရရှိတဲ့ပုံအရ သူတို့အနောက်မှာ လိုက်လာတဲ့ ငါးမန်းရဲ့ ဆူးတောင်ရုတ်တရက်ပေါ်လာခဲ့တာကို တွေ့ရပါတယ်။ သူတို့ သားအဖဟာ ကြောက်လန့်တကြားဖြစ်ကာ ကမ်းပေါ်ကို အလျင်အမြန် ပြေးတက်ခဲ့ကြရတာပါ။ ဟိုးမားက ဖမ်းယူရရှိတဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို ယူကျု့အင်တာနက်စာမျက်နှာပေါ် တင်ခဲ့ချိန်မှာတော့ ၀င်ရောက်ကြည့်ရှုသူတွေကြား ရေပန်းစားလာခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ သူတို့ဟာ ကင်မရာကိုတောင်မပိတ်နိုင်ပဲ ပြေးတက်ခဲ့ပြီးနောက် ရေထဲပြန်လှည့်ပြီး ရိုက်ခဲ့ချိန်မှာ ငါးမန်းဟာ ရေထဲကိုငုပ်လျိုးသွားခဲ့လို့ အမျိုးအစားကို မသိခဲ့ရဘူးလို့ ဆိုပါတယ်။
6 years Ago
Up