သားလှီးဓားဖြင့်

June 24, 2017

သားလှီးဓားဖြင့် နှိပ်နယ်ပေးသည့် အံ့ဖွယ်အနှိပ်ခန်း အွန်လိုင်းပေါ် နာမည်ကြီးနေ (ရုပ်သံ)

အနှိပ်ခံရတာ နှစ်သက်တဲ့ အမာခံအနှိပ်ခန်းပရိသတ်တွေအတွက် သားလှီးဓားတွေ အသုံးပြုပြီး နှိပ်နယ်ဝန်ဆောင်မှုပေးတဲ့ ထူးခြားတဲ့ အနှိပ်ခန်းဟာ လတ်တလော အင်တာနက် စာမျက်နှာတွေပေါ်မှာ နာမည်ကြီးနေပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဖောက်သည်တွေကို တဘက်ပါးပါးလေးတထည်သာ ဖုံးအုပ်ထားခဲ့ပြီး မျက်နှာနဲ့ ခန္ဓာကိုယ်အနှံ့ ဓားတွေနဲ့ အသည်းယားစဖွယ် နှိပ်နယ်ပေးခဲ့ကြတာကို တွေ့ရမှာပါ။ ဒါဟာ ထိုင်ဝမ်နိုင်ငံ၊ တိုင်ပေမြို့မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး ပိုင်ရှင်ဖြစ်တဲ့ စီရာရို မိုင်းဖန်ကတော့ ခုလို ထူးခြားဆန်းပြားတဲ့ ဝန်ဆောင်မှုမျိုး ပေးလာခဲ့တာ ၁၃ နှစ်ကျော်ကြာ ခဲ့ပြီလို့ ပြောပါတယ်။ “ခုလို ဓားနဲ့ နှိပ်နယ်ပေးတဲ့ ကုထုံးဟာ တရုတ်နိုင်ငံကနေ စတင်ခဲ့တာဖြစ်ပြီး သက်တမ်းနှစ်ပေါင်း ၂၅၀၀ ရှိပြီရှင့်။ ဒါပေမယ့် ကျမတို့အနေနဲ့ မူလနည်းထဲမှာ ထပ်ပြီး ဖန်တီးလိုက်တာတွေ ရှိတာပေါ့။ အရင်က ဓားတချောင်းတည်း သုံးတဲ့နေရာမှာ ခု ၂ ချောင်း သုံးတာမျိုးပါ။”
5 years Ago
Up