သားလှီးဓားမကြီးနှင့် တူအသုံးပြုပြီး ဆံပင်ညှပ်သည့် အံ့ဖွယ်ဆံသဆရာ (ရုပ်သံ)

December 8, 2016

သားလှီးဓားမကြီးနှင့် တူအသုံးပြုပြီး ဆံပင်ညှပ်သည့် အံ့ဖွယ်ဆံသဆရာ (ရုပ်သံ)

ဆံပင်ညှပ်တဲ့ကိစ္စဟာ ချိုးရိုက်ဖျက်ဆီးတဲ့နေရာတွေမှာသုံးတဲ့ ပစ္စည်းကိရိယာတွေ မလိုအပ်ပဲ ရိုးရှင်း လွယ်ကူပါတယ်။ ဒါပေမယ့် ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဆံသဆရာတဦးဟာ ပုံမှန်သုံးနေကျ ဆံပင်ညှပ်ကိရိယာတွေကို မသုံးဘဲ သားလှီးဓားမကြီးနဲ့ တူကို အသုံးပြုပြီး ဆံပင်ညှပ်နေခဲ့တာကို အံ့သြဖွယ် တွေ့ရပါလိမ့်မယ်။ ဆံပင်ကို လိုင်းဖော်ကာ ဓားကြီးတရမ်းရမ်းနဲ့ တူကို ကိုင်ညှပ်နေတာဟာ  ဘေးကမြင်ရသူအဖို့ အသည်းထိတ်စရာကောင်းနေပေမယ့် ဆံပင်ညှပ်ခံနေသူအမျိုးသားကတော့ ဘာမှစိတ်ပူပင်နေတဲ့ပုံမရပဲ ငြိမ်ငြိမ်သက်သက်ထိုင်နေခဲ့တာကို တွေ့ရပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို တက္ကဆက်စ်ပြည်နယ်၊ ဟူစတန်အခြေစိုက် အိုဆေးအမည်နဲ့ တွစ်တာလူမှုကွန်ရက်စာမျက်နှာအသုံးပြုသူတဦးက မျှဝေခဲ့တာဖြစ်ပေမယ့် တချို့ကတော့ ဒါဟာ မော်ရော့ကိုနိုင်ငံမှာ ရိုက်ကူးခဲ့တာလို့ ပြောနေကြတာပါ။ အင်တာနက်အသုံးပြုသူတဦးကတော့ “ဒါက ကျနော်ဆိုလိုတာ အရွယ်အစားကြီး လွန်းတဲ့ ဘလိတ်ဓားပဲဖြစ်မယ်။ ဒီ့ထက်ပိုပြမယ်ဆိုရင် ဘာမဆိုသိနိုင်တာပေါ့”  လို့ မှတ်ချက်ရေးခဲ့တာပါ။
5 years Ago
Up