အမေရိကန်ပြည်ထောင်စု အိုဟိုင်းအိုးပြည်နယ် Cleveland မြို့မှာ ဒီဇင်ဘာ ၂၃ ရက်နေ့က အသက် ၂ နှစ်အရွယ်ကလေးငယ်ဟာ ဖခင်ရဲအရာရှိဖြစ်သူရဲ့ သေနတ်က မတော်တဆ ကျည်ထွက်ရာကနေ အသက်ဆုံးခဲ့ကြာင်း Cleveland ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ကြေညာချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။
ရဲအရာရှိမိသားစု နေထိုင်ရာ Brooklyn Center နေအိမ်မှာ ဒေသစံတော်ချိန် မနက် ၁၀ နာရီခွဲလောက်က အခုလို မတော်တဆကျည်ထွက်မှုဖြစ်ခဲ့ပြီး ဖခင်ဖြစ်သူက ကလေးကို ချက်ချင်းဆေးရုံပို့ခဲ့ပေမယ့် အသက်မမီဘဲ သေဆုံးခဲ့ တာဖြစ်ပါတယ်။
သေဆုံးတဲ့ ကလေးငယ်နဲ့ ဖခင်ရဲအရာရှိရဲ့ အမည်တွေကို မကြာခင် သတင်းထုတ်ပြန်မယ်လို့ မျှော်လင့်ရပြီး ဖြစ်စဉ်အသေးစိတ်ကို Cleveland ရဲတပ်ဖွဲ့က စုံစမ်းစစ်ေဆးနေပါတယ်။
6 years Ago