သာသာပေါင်းစုံဆုတောင်းပွဲ

June 25, 2021

မြန်မာနိုင်ငံငြိမ်းချမ်းစေရေး သာသာပေါင်းစုံဆုတောင်းပွဲ တိုကျိုတွင် ကျင်းပ

နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သူ သူရဲကောင်းတွေအတွက် ဆုတောင်းမေတ္တာပို့ပွဲ ကို ဇွန်လ ၂၄ ရက် ညဦးပိုင်းက ဂျပန်နိုင်ငံ ခရစ်ယာန်အသင်းချုပ်က ကြီးမှူးပြီး တိုကျိုမြို့ တိုရနောမွန် က ခိုမြိုးဂျီ komyoji ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ခရစ်ယာန်၊ အစ္စလာမ်၊ မဟာယာနနဲ့ ထေရဝါဒဘာသာပေါင်းစုံ (မြေပြင်/ဝေဟင်) ဆုတောင်းပွဲဖြစ်ပြီး ဟီရိုရှိမား ယိုကိုဟားမား အပါအဝင် ဂျပန်နိုင်ငံတဝှမ်းမှ အွန်လိုင်းကပါဝင်ခဲ့ပြီးမြန်မာထေရဝါဒဗုဒ္ဓဘာသာကိုယ်စား  ဆိုင်တမခရိုင်မှ ဆာတိုးရီဆရာတော် အရှင်မဏီဇောတာလင်္ကာရ တက်ရောက်ခဲ့ပြီး အမှာစကားနဲ့ ဆုတောင်းမေတ္တာပို့ခဲ့ပါတယ်။

ခရစ်ယာန်၊ အစ္စလာမ်၊ ဗုဒ္ဓဘာသာရယ်လို့ ဘာသာအယူဝါဒမစွဲဘဲ့ မြန်မာပြည်သူပြည်သားများအတွက် အားလုံးရဲ့နှလုံးသားကတစ်စုံထဲ၊ တစ်စိတ်တစ်ဝမ်းထဲဖြစ်ကြောင်း ပြသဆုတောင်းပေးခဲ့ကြသလို ကိုယ်တိုင်လည်းပေးနိုင်ခဲ့လို့ ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း မိန့်ကြားခဲ့ပါတယ်။

ဟီရိုရှိမား၊ ယိုကိုဟားမား အပါအဝင် ဂျပန်နိုင်ငံတဝှမ်းမှ ဘာသာရေးအသင်းအဖွဲ့တွေ၊ မြန်မာအရေး စိတ်ဝင်စားတဲ့ ဂျပန်လူမျိုးတွေ၊ တက္ကသိုလ်ကျောင်းသားတွေ၊ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေ ပါဝင်ဆုတောင်းခဲ့ကြပါတယ်။

ဆုတောင်းပွဲအပြီး မြန်မာနိုင်ငံသားများနဲ့အတူရှိကြောင်း ပြသတဲ့အနေနဲ့ ဗုံ၊ အိုးခွတ်တွေလည်း တီးခဲ့ကြပါတယ်။

ဂျပန်နိုင်ငံ ဆိုင်ဆမခရိုင် ဆာတိုးရီဆရာတော်အရှင်မဏီဇောတာလင်္ကာရဟာ အာဏာသိမ်းစစ်ကောင်စီကို ပတ္ထနိက္ကုဇ္ဇနကံဆောင်ခြင်းဖြင့် သပိတ်မှောက်ထားတဲ့ ရဟန်းတပါးလည်း ဖြစ်ပါတယ်။

7 months Ago
Up